Google Drive ဟာ လက်ရှိအချိန်မှာ လူသုံးအများဆုံး Cloud Storage Platform တစ်ခုဖြစ်ပြီး အသုံးပြုရတာလည်း အလွန်လွယ်ကူတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် လောလောဆယ်မှာ Google Drive မှာ သိမ်းဆည်းထားတဲ့ File တွေက ပျောက်ဆုံးမှုဖြစ်ပေါ်နေတယ်ဆိုပြီး အသုံးပြုသူတွေဘက်က Report ပြုလုပ်မှုတွေဖြစ်ပွားနေပါတယ်။

အခုလိုမျိုး Google Drive မှာ သိမ်းဆည်းထားတဲ့ File တွေ ပျောက်ဆုံးနေတဲ့ကိစ္စဟာ ပုံမှန် Mobile App သို့မဟုတ် Web Browser ကနေ Google Drive ကို အသုံးပြုသူတွေမှာ ဖြစ်ပွားခြင်းမရှိဘဲ ကွန်ပျူတာမှာ Google Drive Desktop App ကနေတစ်ဆင့် အသုံးပြုသူတွေမှာပဲ ဖြစ်ပွားနေတာဖြစ်တယ်လို့သိရပါတယ်။ အသုံးပြုသူတွေရဲ့ ပြောကြားချက်အရ Google Drive Desktop App Version 84.0.0.0 ကနေ 84.0.4.0 အတွင်း အသုံးပြုသူတွေက File တွေပျောက်ဆုံးနေတာဖြစ်ပါတယ်။

အခုပြဿနာဟာ အသုံးပြုသူတစ်ဦးက သိမ်းဆည်းထားတဲ့ File တွေက လွန်ခဲ့တဲ့မေလဝန်းကျင်အထိ ပျောက်ဆုံးနေကြောင်းကို Google Community Support Forum မှာ တင်ထားခဲ့တဲ့ Post တစ်ခုကနေ စတင်တွေ့ရှိခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်မှာ အသုံးပြုသူပေါင်း ၁၉၂ ယောက်ကလည်း အလားတူ File တွေ ပျောက်ဆုံးမှုဖြစ်ပေါ်နေတယ်လို့ ပြောကြားထားပါတယ်။ အဆိုပါ ပျောက်ဆုံးတဲ့ File တွေထဲမှာ Document ၊ Photos နဲ့ Videos အကုန်ပါဝင်တယ်လို့လည်း သိရပါတယ်။

လောလောဆယ်မှာ Google ဘက်ကနေ အခုပြဿနာကို သိရှိပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီဖြစ်ပါယ်။ ဒါကြောင့် လက်ရှိအချိန်မှာ Google Drive Desktop App ကို အသုံးပြုနေတယ်ဆိုရင် Google Account ကို Disconnect ပြုလုပ်တာမျိုး၊ ဒါမှမဟုတ် Drive မှာ Backup ပြုလုပ်ထားတဲ့ App Folder ကို ရွေ့ပြောင်း၊ ဖျက်ချတာမျိုး မပြုလုပ်ဖို့ အကြုံပြုထားပါတယ်။ ဒါ့အပြင် အရေးကြီး File တွေကိုလည်း သီးသန့် Backup ပြုလုပ်ထားသင့်ပါတယ်။

Ref – Gizmo China