Sony ကနေ အကောင်းဆုံးသော Home Theater Setup ကို အသုံးပြုချင်တဲ့သူတွေအတွက် High-end OLED TV တွေအစား ရုပ်ရှင်ရုံမှာ သွားကြည့်နေရသလိုမျိုး ခံစားမှုကိုပေးစွမ်းနိုင်မယ့် 4K Projector တစ်ခုကို တရားဝင်ကြေငြာလိုက်ပြီဖြစ်ပြီး အဆိုပါ Projector ဟာ လက်ရှိဈေးအကြီးဆုံးသော 4K Projector တစ်ခုဖြစ်လာခဲ့ပါတယ်။

ဘာဖြစ်လို့လဲဆိုရင် Sony ရဲ့ ယခု 4K Ultra Short Throw Projector (LSPX-A1) Projector ဟာ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၃ သောင်းခန့်နဲ့ ရောင်းချမှာဖြစ်တဲ့အတွက် မနှစ်တုန်းက Sony က ထုတ်လုပ်ထားတဲ့ ဈေးအကြီးဆုံး Projector ထက်တောင် ဒေါ်လာ ၅၀၀၀ ခန့်ပိုပြီးများနေတာဖြစ်ပါတယ်။

အခု Sony 4K Projector ဟာ Ultra Short Throw အမျိုးအစားဖြစ်တာကြောင့် ပိတ်ကား (သို့) နံရံနဲ့ ၉.၆ လက်မအကွာမှာ ထားရုံနဲ့တင် လက်မ​ ၁၂၀ ရှိတဲ့ 4K ရုပ်ထွက်ကို ခံစားနိုင်မှာဖြစ်ပါတယ်။ အခု Laser Projector က Brightness မှာလည်း Peak Brightness အနေနဲ့ 2500 lumens အထိ ရှိနေမှာဖြစ်ပါတယ်။

အခု Sony ရဲ့ ဒေါ်လာ ၃ သောင်းတန် 4K Projector ဟာ 4K Video တွေတင်မဟုတ်ပဲနဲ့ Sony ရဲ့ Unique 4K SXRD Projection နဲ့ HDR နည်းပညာတွေကိုပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

နောက်ထပ်လည်း Sony 4K Projector မှာ 360 Audio ကိုရရှိနိုင်မယ့် Glass Sound Speaker ၊ Two Organic Glass Tweeter ၊ Three Midrange Speaker နဲ့ Subwoofer တစ်ခုပါ ပါဝင်မှာဖြစ်တဲ့အတွက် Speaker သီးသန့် လိုအပ်မှာမဟုတ်ပါဘူး။

Sony ကတော့ အခု ထုတ်လုပ်လိုက်တဲ့ ဒေါ်လာ ၃ သောင်းတန် LSPX-A1 အတွက် ဂုဏ်ယူနေပြီး မကြာခင်မှာ ဈေးကွက်ထဲကို ဖြန့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။