Sony ကနေ နောက်နှစ် ၂၀၁၈ မှာ ထွက်ရှိလာမယ့်ဖုန်းတွေက အခုလက်ရှိ Sony Xperia ဖုန်းတွေနဲ့ မတူညီတဲ့ ဘေးဘောင်မပါဝင်တဲ့ဖုန်းတွေဖြစ်လာမယ်လို့ ပြောကြားထားခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Sony ရဲ့ နောက်နှစ်မှာ ထွက်ရှိလာမယ်လို့ ယူဆရတဲ့ Xperia ဖုန်း ၂ လုံးရဲ့ ပုံရိပ်တွေကို တွေ့မြင်လာရပြီပဲဖြစ်ပါတယ်။ အခု Sony Xperia ဖုန်းတွေရဲ့ ပုံရိပ်တွေကို GizChina Website ကနေ တွေ့ရှိရတာဖြစ်ပါတယ်။

ပထမ Sony Xperia ဖုန်းကတော့ လက်ရှိထုတ်လုပ်ရောင်းချနေတဲ့ Sony Xperia ဖုန်းမော်ဒယ်တွေနဲ့ ကွာခြားပြီးတော့ ပိုပြီး လုံးဝန်းပြီး Fingerprint Scanner ကို အနောက်မှာတပ်ဆင်ထားတာဖြစ်ပါတယ်။ နောက် Design တစ်ခုကတော့ ယခုရောင်းချနေတဲ့ Xperia ဖုန်းတွေနဲ့ ဒီဇိုင်းတူညီပြီး Fingerprint Scanner ကို ဘေးဘက် Power ခလုတ်မှာပဲတပ်ဆင်ထားတာဖြစ်ပါတယ်။

ဒါပေမယ့်ဖုန်း ၂ ခုစလုံးမှာ တူညီတာက Dual Camera စနစ်ကို အသုံးပြုလာတာဖြစ်ပြီးတော့ Sony ဖုန်းတွေမှာ ပထမဆုံး Dual Camera အသုံးပြုထားတဲ့ဖုန်းတွေဖြစ်လာမှာပါ။ ဒါ့အပြင်အဆိုပါ Sony Xperia ဖုန်းတွေမှာ 5.7″ 4K Display, Snapdragon 845 CPU, 6GB RAM နဲ့ Android Version 8.0 Oreo ပါဝင်လာမှာပါ။