Unicode

Gaming PC တွေဘယ်လိုပဲ အခုနောက်ပိုင်းမှာ စွမ်းဆောင်ရည်ကောင်းနေပါစေ… Game Console တွေကတော့ အခုအချိန်အထိ စိတ်ဝင်စားမှုများပြားနေဆဲပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ The Game Awards 2019 Event မှာ Microsoft ကနေ Next Gen Console ဖြစ်တဲ့ Xbox Series X ကိုပြသသွားသလိုပဲ အခုလည်း Sony ကနေ လူတိုင်းစောင့်မျှော်နေကြတဲ့ PlayStation 5 ကို မိတ်ဆက်လာဖို့ များနေပါတယ်။

ဘာကြောင့်လဲဆိုရင် လာမယ့် ဇန်နဝါရီလ အစောပိုင်းမှာပြုလုပ်မယ့် CES 2020 Event ကို Sony က ပါဝင်မယ်လို့ ကြေညာလိုက်ပါတယ်။ ဒါကလည်း သာမန်ပါဝင်တာမျိုးမဟုတ်ဘဲ Full Press Conference ကျင်းပမှာဖြစ်တဲ့အပြင် Live Stream Event တွေလည်း ပြုလုပ်သွားမှာပါ။

Sony ကတော့ ဒီ Press Conference မှာ ဘယ်လိုမျိုး Product တွေပါဝင်မလဲဆိုတာကို ပြောကြားခဲ့ခြင်းမရှိပေမယ့် သူ့ရဲ့ တရားဝင် Website မှာတော့ အခုလိုမျိုး စာတန်းနဲ့ ရေးသားပြီး Tease ပြုလုပ်ခဲ့ပါတယ်။

အခု Sony ရဲ့ ပြောကြားချက်အရဆိုရင် အနာဂတ်နည်းပညာတွေကို အဓိကထားထားတဲ့အတွက် အဖြစ်နိုင်ဆုံးက PlayStation 5 နဲ့ပတ်သတ်တဲ့ သတင်းတွေကို ချပြသွားနိုင်ပြီးတော့ တခြား PSVR Headset အသစ်၊ 8K TV စတဲ့ Product တွေကိုပါ မိတ်ဆက်သွားနိုင်ပါတယ်။

Sony ရဲ့ ဒီ CES 2020 Full Press Conference ဟာ လာမယ့် ဇန်နဝါရီလ ၆ ရက်နေ့ 5PM PST မှာ ပြုလုပ်သွားမှာဖြစ်ပြီးတော့ PlayStation 5 ကို မိတ်ဆက်လာမလားဆိုတာကို စောင့်ကြည့်ရတော့မှာပါ။

Ref – WCCF Tech

Zawgyi

Gaming PC ေတြဘယ္လိုပဲ အခုေနာက္ပိုင္းမွာ စြမ္းေဆာင္ရည္ေကာင္းေနပါေစ… Game Console ေတြကေတာ့ အခုအခ်ိန္အထိ စိတ္ဝင္စားမႈမ်ားျပားေနဆဲပဲျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ The Game Awards 2019 Event မွာ Microsoft ကေန Next Gen Console ျဖစ္တဲ့ Xbox Series X ကိုျပသသြားသလိုပဲ အခုလည္း Sony ကေန လူတိုင္းေစာင့္ေမွ်ာ္ေနၾကတဲ့ PlayStation 5 ကို မိတ္ဆက္လာဖို႔ မ်ားေနပါတယ္။

ဘာေၾကာင့္လဲဆိုရင္ လာမယ့္ ဇန္နဝါရီလ အေစာပိုင္းမွာျပဳလုပ္မယ့္ CES 2020 Event ကို Sony က ပါဝင္မယ္လို႔ ေၾကညာလိုက္ပါတယ္။ ဒါကလည္း သာမန္ပါဝင္တာမ်ိဳးမဟုတ္ဘဲ Full Press Conference က်င္းပမွာျဖစ္တဲ့အျပင္ Live Stream Event ေတြလည္း ျပဳလုပ္သြားမွာပါ။

Sony ကေတာ့ ဒီ Press Conference မွာ ဘယ္လိုမ်ိဳး Product ေတြပါဝင္မလဲဆိုတာကို ေျပာၾကားခဲ့ျခင္းမရွိေပမယ့္ သူ႔ရဲ႕ တရားဝင္ Website မွာေတာ့ အခုလိုမ်ိဳး စာတန္းနဲ႔ ေရးသားၿပီး Tease ျပဳလုပ္ခဲ့ပါတယ္။

အခု Sony ရဲ႕ ေျပာၾကားခ်က္အရဆိုရင္ အနာဂတ္နည္းပညာေတြကို အဓိကထားထားတဲ့အတြက္ အျဖစ္ႏိုင္ဆုံးက PlayStation 5 နဲ႔ပတ္သတ္တဲ့ သတင္းေတြကို ခ်ျပသြားႏိုင္ၿပီးေတာ့ တျခား PSVR Headset အသစ္၊ 8K TV စတဲ့ Product ေတြကိုပါ မိတ္ဆက္သြားႏိုင္ပါတယ္။

Sony ရဲ႕ ဒီ CES 2020 Full Press Conference ဟာ လာမယ့္ ဇန္နဝါရီလ ၆ ရက္ေန႔ 5PM PST မွာ ျပဳလုပ္သြားမွာျဖစ္ၿပီးေတာ့ PlayStation 5 ကို မိတ္ဆက္လာမလားဆိုတာကို ေစာင့္ၾကည့္ရေတာ့မွာပါ။

Ref – WCCF Tech