Unicode

Qualcomm ကနေ Snapdragon 865 Processor နဲ့အတူ 5G Chipset တစ်ခုဖြစ်တဲ့ Snapdragon 765G ကိုပါ မိတ်ဆက်ထားခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာ Xiaomi ၊ OPPO နဲ့ Realme လိုမျိုး စမတ်ဖုန်းကုမ္ပဏီတွေက အဆိုပါ Snapdragon 765G Chipset ပါဝင်တဲ့ဖုန်းတွေကို မိတ်ဆက်နေကြသလိုပဲ Sony ကလည်း မကြာခင်ပါဝင်လာတော့မှာဖြစ်ပါတယ်။

အခု Sony ကနေ မိတ်ဆက်လာမယ့် Snapdragon 765G Chipset နဲ့ စမတ်ဖုန်းကို Benchmarking Website တစ်ခုဖြစ်တဲ့ Geekbench မှာ စတင်မြင်ရခဲ့တာဖြစ်ပါတယ်။ ဒီ Sony ဖုန်းရဲ့ Model နံပါတ်ကိုတော့ K8220 လို့ ပေးထားပြီးတော့ တကယ်ထွက်ရှိလာတဲ့အချိန်ကြရင်တော့ ဘယ်လိုနာမည်ဖြစ်လာမလဲဆိုတာ ခန့်မှန်းဖို့ ခက်ခဲနေပါသေးတယ်။

ဒီ Sony စမတ်ဖုန်းဟာ RAM အနေနဲ့ 8GB အထိပါဝင်တာကိုတွေ့ရပြီးတော့ Software အနေနဲ့ Android 10 ကို မောင်းနှင်ထားတာလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် Mid Range ဖုန်းတစ်ခုထက် High End Level ဖုန်းတစ်ခုပိုပြီးဖြစ်လာနိုင်ပါတယ်။

Geekbench ရလဒ်တွေအရ အဆိုပါ Sony စမတ်ဖုန်းဟာ Single-core Score 465 Points နဲ့ Multi-core Score 1,757 Points ရရှိခဲ့တာကိုတွေ့ရပါတယ်။ လောလောဆယ်မှာ ဒီ Snapdragon 765G Chipset ကို အသုံးပြုထားတဲ့ Redmi K30 Pro ၊ OPPO Reno 3 Pro နဲ့ Realme X50 5G ဖုန်းတွေအားလုံး 5G ကို Support ပြုလုပ်တဲ့အတွက် ဒီ Sony စမတ်ဖုန်းလည်း 5G Support ပါဝင်လာဖွယ်ရှိနေပါတယ်။

Sony ဟာ လာမယ့် ၂၀၂၀ ခုနှစ်အစောပိုင်းမှာ Snapdragon 865 Chipset ၊ RAM 12GB နဲ့ 5G Support ပါဝင်လာမယ့် Xperia 3 Flagship ဖုန်းကိုပါ မိတ်ဆက်လာဦးမှာဖြစ်ပါတယ်။

Ref – Gizmo China

Zawgyi

Qualcomm ကေန Snapdragon 865 Processor နဲ႔အတူ 5G Chipset တစ္ခုျဖစ္တဲ့ Snapdragon 765G ကိုပါ မိတ္ဆက္ထားခဲ့တာျဖစ္ပါတယ္။ အခုအခ်ိန္မွာ Xiaomi ၊ OPPO နဲ႔ Realme လိုမ်ိဳး စမတ္ဖုန္းကုမၸဏီေတြက အဆိုပါ Snapdragon 765G Chipset ပါဝင္တဲ့ဖုန္းေတြကို မိတ္ဆက္ေနၾကသလိုပဲ Sony ကလည္း မၾကာခင္ပါဝင္လာေတာ့မွာျဖစ္ပါတယ္။

အခု Sony ကေန မိတ္ဆက္လာမယ့္ Snapdragon 765G Chipset နဲ႔ စမတ္ဖုန္းကို Benchmarking Website တစ္ခုျဖစ္တဲ့ Geekbench မွာ စတင္ျမင္ရခဲ့တာျဖစ္ပါတယ္။ ဒီ Sony ဖုန္းရဲ႕ Model နံပါတ္ကိုေတာ့ K8220 လို႔ ေပးထားၿပီးေတာ့ တကယ္ထြက္ရွိလာတဲ့အခ်ိန္ၾကရင္ေတာ့ ဘယ္လိုနာမည္ျဖစ္လာမလဲဆိုတာ ခန္႔မွန္းဖို႔ ခက္ခဲေနပါေသးတယ္။

ဒီ Sony စမတ္ဖုန္းဟာ RAM အေနနဲ႔ 8GB အထိပါဝင္တာကိုေတြ႕ရၿပီးေတာ့ Software အေနနဲ႔ Android 10 ကို ေမာင္းႏွင္ထားတာလည္းျဖစ္ပါတယ္။ အဲ့ဒီအတြက္ Mid Range ဖုန္းတစ္ခုထက္ High End Level ဖုန္းတစ္ခုပိုၿပီးျဖစ္လာႏိုင္ပါတယ္။

Geekbench ရလဒ္ေတြအရ အဆိုပါ Sony စမတ္ဖုန္းဟာ Single-core Score 465 Points နဲ႔ Multi-core Score 1,757 Points ရရွိခဲ့တာကိုေတြ႕ရပါတယ္။ ေလာေလာဆယ္မွာ ဒီ Snapdragon 765G Chipset ကို အသုံးျပဳထားတဲ့ Redmi K30 Pro ၊ OPPO Reno 3 Pro နဲ႔ Realme X50 5G ဖုန္းေတြအားလုံး 5G ကို Support ျပဳလုပ္တဲ့အတြက္ ဒီ Sony စမတ္ဖုန္းလည္း 5G Support ပါဝင္လာဖြယ္ရွိေနပါတယ္။

Sony ဟာ လာမယ့္ ၂၀၂၀ ခုႏွစ္အေစာပိုင္းမွာ Snapdragon 865 Chipset ၊ RAM 12GB နဲ႔ 5G Support ပါဝင္လာမယ့္ Xperia 3 Flagship ဖုန္းကိုပါ မိတ္ဆက္လာဦးမွာျဖစ္ပါတယ္။

Ref – Gizmo China