Sony က Wireless Neckband Series အသစ် ဖြစ်တဲ့ SRS-NS7 ကို ကြေညာလိုက်ပြီး Dolby Atmos ထောက်ပံ့တဲ့ ကမ္ဘာ့ ပထမဆုံး Neckband Speaker ဖြစ်လာပါတယ်။

Sony launches SRS-NS7 wireless neckband speaker with Dolby Atmos

SRS-NS7 မှာ WLA-NS7 Bluetooth Transmitter ပါလာပြီး BRAVIA XR Television မော်ဒယ်တွေကနေ Dolby Atmos Audio ကို Speaker ထံ ထုတ်လွှင့်ပေးနိုင်ပါတယ်။ 360 Spatial Sound Personalizer App ကို သုံးရင် User တွေက သူတို့နားကို ဓါတ်ပုံ ရိုက်နိုင်ပြီး HRTF Map ကို ဖန်တီးနိုင်ပါတယ်။ အဲဒီနောက်မှာ သင့်နား၊ ဦးခေါင်း ပုံသဏ္ဌာန်နဲ့ ကိုက်ညီတဲ့ Atmos Sound ကို System က ထုတ်လုပ်ပေးနိုင်ပါတယ်။

SRS-NS7 နဲ့ BRAVIA XR Television တွေတွဲဖက်သုံးရင် Latency ကို လျှော့ချပေးနိုင်ပြီး Speaker ကို စမတ်ဖုန်း၊ တခြား Bluetooth Device တွေနဲ့ ချိတ်ဆက် သုံးနိုင်ပါတယ်။ မိုက်ကရိုဖုန်း ပါတဲ့အတွက် ဖုန်းပြောနိုင်ပြီး Speaker ဟာ Device ၂ ခုကို တစ်ပြိုင်နက် ချိတ်ဆက်နိုင်ပါတယ်။ Active Driver ၁ ခုနဲ့ Passive Driver ၁ ခု ပါတဲ့ Dual Driver ဒီဇိုင်းကို သုံးထားပြီး အသံထွက်ရာလမ်းကြောင်း တိကျစေဖို့ ၂ ခုစလုံးကို အပေါ်ထောင်ထားပါတယ်။ Speaker ကို ချည်သားနဲ့ ဖုံးအုပ်ထားပြီး Flexible Neckband ၁ ခု ပါပါတယ်။ IPX4 စံနှုန်း ထည့်ထားတဲ့အတွက် ရေစက်ရေပေါက်တွေစိုတာ ခံနိုင်ပါတယ်။

SRS-NS7 ရဲ့ ဘက်ထရီ သက်တမ်းက ၁၂ နာရီ ဖြစ်ပြီး ၁၀ မိနစ်အားသွင်းရင် မိနစ် ၆၀ အသုံးခံပါတယ်။ ဒေါ်လာ ၃၀၀ သတ်မှတ်ထားပြီး လက်ရှိပေါက်ဈေးအရ မြန်မာငွေ ၅ သိန်း ၆ သောင်းလောက် ကျသင့်မှာပါ။ WLA-NS7 Wireless Transmitter ကို ဒေါ်လာ ၆၀ နဲ့ သီးခြား ရောင်းချပေးထားပြီး မြန်မာငွေ ၁ သိန်း ၁ သောင်းလောက် တန်ကြေးရှိပါတယ်။ Speaker ကို ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။

Ref : gsmarena