[Zawgyi]

Sony ကုမၸဏီရဲ႕ Mobile ဌာနခြဲဟာ ကုမၸဏီရဲ႕အျခားဌာနေတြျဖစ္တဲ့ TV နဲ႔ ကင္မရာဌာနေတြနဲ႔အတူ ေပါင္းစပ္ရေတာ့မွာျဖစ္ၿပီး သီးျခားရပ္တည္ခြင့္ကို ဆုံးရႈံးရေတာ့မွာျဖစ္ပါတယ္။ Sony ရဲ႕ရုပ္သံစက္ေတြ၊ အသံနဲ႔ ကင္မရာစက္ေတြ ထုတ္လုပ္တဲ့ ယူနစ္ကို Electronics Products and Solutions လို႔ေခၚဆုိပါတယ္။

Sony Mobile ဌာနဟာ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ရုန္းကန္ေနခဲ့ရၿပီး ၂၀၁၇ ခုႏွစ္က တစ္ကမာၻလုံးမွာ ဖုန္းအလုံးေရ ၁၃.၅ သန္းေရာင္းခ်ခဲ့ရကာ မႏွစ္ကေတာ့ ၇ သန္းထိ က်ဆင္းခဲ့ပါတယ္။ ဒါေၾကာင့္ ဘ႑ာေရး အထိနာလာခဲ့ၿပီး ေနာက္ဆုံး ၁၂ လအတြင္းမွာ ေဒၚလာ ၉၁၃ သန္းထိ အရႈံးေပၚခဲ့တာပါ။ ႏႈိင္းယွဥ္ၾကည့္ရင္ Sony ရဲ႕ ရုပ္သံစက္ဌာနက အလားတူအခ်ိန္အတြင္း ေဒၚလာ ၇၁၄ သန္းအျမတ္ေငြ ရွာႏုိင္ခဲ့ၿပီး ကင္မရာဌာနခြဲကေတာ့ ေဒၚလာ ၈၀၄ သန္းထိ ျမတ္စြန္းခဲ့ပါတယ္။

မုိဘုိင္းဌာနခြဲဟာ အရႈံးေပၚျခင္းကို တုံ႔ျပန္ဖို႔အတြက္ ကုန္က်စရိတ္ကို ေလွ်ာ့ခ်ရန္ ႀကိဳးစားလာၿပီး သူတုိ႔ရဲ႕ ပစ္မွတ္က ကုန္က်စရိတ္ကို တစ္ဝက္ထိေလွ်ာ့ခ်ႏုိင္ဖို႔ ျဖစ္ပါတယ္။ Sony ကေတာ့ Xperia ဖုန္းေတြဟာ အေစာဆုံး ၂၀၂၁ ခုႏွစ္ေလာက္မွသာ အျမတ္ေငြျပန္ေပၚႏုိင္မယ္လို႔ ယုံၾကည္ေနပါတယ္။

Xperia ဌာနခြဲဟာ ဖုန္းေတြအတြက္သာ မဟုတ္ဘဲ 5G နက္ဝပ္အတြက္လည္း လုပ္ကိုင္ေနပါတယ္။ လြန္ခဲ့တဲ့တစ္ႏွစ္ေလာက္ကေတာ့ Sony အမႈေဆာင္အရာရွိခ်ဳပ္ေဟာင္း Kaz Hirai ဟာ ဖုန္းဌာနခြဲကို ဆက္လက္ထားရွိျခင္းဟာ Sony ထုတ္ကုန္မ်ားအားလုံးအတြက္ အမွတ္တံဆိပ္ျမင္သာေစရန္ ဗ်ဴဟာတစ္ခုလို႔ ဆုိခဲ့ေပမယ့္ Hirai ဟာ Sony ကုမၸဏီမွာ ၃၅ ႏွစ္ၾကာ တာဝန္ထမ္းေဆာင္ေပးၿပီးတဲ့ေနာက္ အနားယူသြားခဲ့ပါၿပီ။

Ref – GSM Arena

[Unicode]

Sony ကုမ္ပဏီရဲ့ Mobile ဌာနခွဲဟာ ကုမ္ပဏီရဲ့အခြားဌာနတွေဖြစ်တဲ့ TV နဲ့ ကင်မရာဌာနတွေနဲ့အတူ ပေါင်းစပ်ရတော့မှာဖြစ်ပြီး သီးခြားရပ်တည်ခွင့်ကို ဆုံးရှုံးရတော့မှာဖြစ်ပါတယ်။ Sony ရဲ့ရုပ်သံစက်တွေ၊ အသံနဲ့ ကင်မရာစက်တွေ ထုတ်လုပ်တဲ့ ယူနစ်ကို Electronics Products and Solutions လို့ခေါ်ဆိုပါတယ်။

Sony Mobile ဌာနဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ရုန်းကန်နေခဲ့ရပြီး ၂၀၁၇ ခုနှစ်က တစ်ကမ္ဘာလုံးမှာ ဖုန်းအလုံးရေ ၁၃.၅ သန်းရောင်းချခဲ့ရကာ မနှစ်ကတော့ ၇ သန်းထိ ကျဆင်းခဲ့ပါတယ်။ ဒါကြောင့် ဘဏ္ဍာရေး အထိနာလာခဲ့ပြီး နောက်ဆုံး ၁၂ လအတွင်းမှာ ဒေါ်လာ ၉၁၃ သန်းထိ အရှုံးပေါ်ခဲ့တာပါ။ နှိုင်းယှဉ်ကြည့်ရင် Sony ရဲ့ ရုပ်သံစက်ဌာနက အလားတူအချိန်အတွင်း ဒေါ်လာ ၇၁၄ သန်းအမြတ်ငွေ ရှာနိုင်ခဲ့ပြီး ကင်မရာဌာနခွဲကတော့ ဒေါ်လာ ၈၀၄ သန်းထိ မြတ်စွန်းခဲ့ပါတယ်။

မိုဘိုင်းဌာနခွဲဟာ အရှုံးပေါ်ခြင်းကို တုံ့ပြန်ဖို့အတွက် ကုန်ကျစရိတ်ကို လျှော့ချရန် ကြိုးစားလာပြီး သူတို့ရဲ့ ပစ်မှတ်က ကုန်ကျစရိတ်ကို တစ်ဝက်ထိလျှော့ချနိုင်ဖို့ ဖြစ်ပါတယ်။ Sony ကတော့ Xperia ဖုန်းတွေဟာ အစောဆုံး ၂၀၂၁ ခုနှစ်လောက်မှသာ အမြတ်ငွေပြန်ပေါ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

Xperia ဌာနခွဲဟာ ဖုန်းတွေအတွက်သာ မဟုတ်ဘဲ 5G နက်ဝပ်အတွက်လည်း လုပ်ကိုင်နေပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်လောက်ကတော့ Sony အမှုဆောင်အရာရှိချုပ်ဟောင်း Kaz Hirai ဟာ ဖုန်းဌာနခွဲကို ဆက်လက်ထားရှိခြင်းဟာ Sony ထုတ်ကုန်များအားလုံးအတွက် အမှတ်တံဆိပ်မြင်သာစေရန် ဗျူဟာတစ်ခုလို့ ဆိုခဲ့ပေမယ့် Hirai ဟာ Sony ကုမ္ပဏီမှာ ၃၅ နှစ်ကြာ တာဝန်ထမ်းဆောင်ပေးပြီးတဲ့နောက် အနားယူသွားခဲ့ပါပြီ။

Ref – GSM Arena