အောက်တိုဘာလ ၂၆ ရက်နေ့မှာ Sony ဟာ သူ့ရဲ့ Xperia ဖုန်းအသစ်ကို ကြေညာမှာ ဖြစ်ပါတယ်။ Sony ဟာ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက Xperia 1 III ကို ကြေညာခဲ့ပြီးဖြစ်သလို Xperia 5 III နဲ့ Xperia 10 III တို့ကိုလည်း ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်တွေအထိ Xperia သစ်ဟာ ဘာဖြစ်မယ်ဆိုတာကို မသိရသေးပါဘူး။

အခုတော့ Sony ဟာ သူ့ရဲ့ ထုတ်ကုန်သစ်အကြောင်း အရိပ်အမြွက်ပြောပြထားတဲ့ Teaser video တစ်ခုကို ဖြန့်ဝေလိုက်ပါပြီ။ Teaser video မှာတွေ့မြင်ရတာက ရှေ့ကမော်ဒယ်တွေဖြစ်တဲ့ Xperia 1 III, Xperia 5 II နဲ့ Xperia Pro တို့အတိုင်း အခု Xperia သစ်ရဲ့ ဓါတ်ပုံရိုက်ကူးခြင်းဆိုင်ရာစွမ်းရည်ကို ဓါတ်ပုံပညာရှင်တွေက ချီးကျူးအမွှမ်းတင်ထားတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။

Content creator တစ်ဦးကတော့ “ကင်မရာတစ်လုံးကို ဖုန်းနဲ့တွဲပေးထားတယ်လို့ပဲ ခံစားမိတယ်” ဆိုတဲ့မှတ်ချက်ပေးခဲ့ပါတယ်။ ဓါတ်ပုံပညာရှင်က ဒီအကြောင်းကိုမျှဝေတဲ့အခါ Sutter button ကို ရည်ညွှန်းပြီး သူ့အတွက်တော့ “Game-changer” လို့လည်း ပြောခဲ့ပါသေးတယ်။ Filmmaker Philip Bloom ကလည်း “ကျွန်တော်သုံးခဲ့ဖူးသမျှထဲမှာ အကောင်းဆုံး Smartphone camera” ပဲလို့ အမွှမ်းတင်ခဲ့ပါသေးတယ်။

Teaser မှာ စမတ်ဖုန်းရဲ့ ပုံသဏ္ဍာန်ကို တစ်စွန်းတစ်စတောင် ဖော်ပြထားခြင်းမရှိသလို၊ အဓိက Specs တွေအကြောင်းလည်း မပါဝင်ပေမဲ့ Sony ရဲ့ ထုတ်ကုန်သစ်ဟာ ကင်မရာစွမ်းရည်ပိုင်းကို အထူးပဲအာရုံစိုက်ထားပြီး Still ရော Video ပိုင်းပါ ရလဒ်ကောင်းတွေသယ်ယူလာမဲ့ Photography-oriented phone တစ်လုံးဖြစ်တယ်ဆိုတာ သိသာစေပါတယ်။

Sony အနေနဲ့ နောက်ထပ်ထုတ်လွှတ်လာမဲ့ Teaser တွေမှာ ပိုပြီးရှင်းလင်းတဲ့ သတင်းအချက်အလက်တွေကို ဖော်ပြလာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena