Sony ဟာ အခုနောက်ပိုင်းမှာ Flagship ဖုန်းတွေအပါအဝင် စမတ်ဖုန်းထုတ်လုပ်မှုတွေကို ပြန်လည်အာရုံစိုက်နေပြီဖြစ်ပါတယ်။ အဲ့ဒီလိုမျိုးပဲ Software Update ပိုင်းကိုလည်း သေချာပြန်ပြီး ဆောင်ရွက်နေတဲ့ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် ပြီးခဲ့တဲ့လပိုင်းတုန်းက Xperia 1 II စမတ်ဖုန်းအတွက် Android 11 Stable Update ကို စတင်ထုတ်ပေးခဲ့တာကြောင့် ဖြစ်ပါတယ်။ အခုလည်း နောက်ထပ် Xperia Flagship ဖုန်းတွေဖြစ်တဲ့ Xperia 1 နဲ့ Xperia 5 စမတ်ဖုန်းတွေအတွက် Android 11 Stable Update ကို ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။

လောလောဆယ်မှာ အဆိုပါ Android 11 Stable Update ကို Russia နဲ့ South East Asia Region တွေအတွက် အရင်ထုတ်ပေးထားတာဖြစ်ပြီး Build Number အနေနဲ့ “552.A.0.630” နဲ့ပဲ ထွက်ရှိလာမှာဖြစ်ပါတယ်။ File Size အနေနဲ့ကတော့ 912MB ဝန်းကျင် Download ပြုလုပ်ရမှာဖြစ်ပါတယ်။

အခုလိုမျိုး Update ရရှိလာတာက Sony ကနေ အစောပိုင်းတုန်းက တရားဝင်ထုတ်ပြန်ထားတဲ့အချိန်ထက် ၁ လဝန်းကျင်စောပြီး ထွက်ရှိလာတာဖြစ်ပါတယ်။ Feature Update တွေအနေနဲ့ကတော့ Android 11 ရဲ့ Feature တွေအကုန်လုံးပါဝင်လာမှာဖြစ်ပြီး Sony ရဲ့ သီးသန့် Feature အသစ်တွေတော့ ပါဝင်မှာမဟုတ်ပါဘူး၊ Security Patch အနေနဲ့ကတော့ ပြီးခဲ့တဲ့ December 2020 Update ကိုပဲ ထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။

Ref – GSM Arena