Sony ကုမ္ပဏီဟာ စက်တင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ကုန်သစ် မိတ်ဆက်ပွဲ ပြုလုပ်မယ်လို့ တရားဝင် ကြေညာခဲ့ပြီး #SonyXperia ဆိုတဲ့ Hashtag ကြောင့် စမတ်ဖုန်းသစ် ဖြစ်မှာပါ။ ဂျပန်အခြေစိုက် ကုမ္ပဏီက အတိအကျ မပြောသေးပေမယ့် သတင်းထွက်နေတဲ့ Sony Xperia 5 II ဟန်းဆက် ဖြစ်မယ်လို့ ယူဆရပါတယ်။

ဒီဖုန်းရဲ့ ပထမဆုံး Render ပုံကို တစ်နေ့ကမှ စတွေ့ခဲ့ရပြီး ZEISS T* Lens တွေနဲ့ Tirple-camera ထည့်သွင်းထားကာ Sony Xperia 1 II နဲ့ ဆင်တူတဲ့ ဒီဇိုင်းကိုလည်း တွေ့ရပါတယ်။ Specs တွေကိုတော့ အခုထိ မသိရသေးပေမယ့် Sony Xperia 1 II နဲ့ ဆင်တူမှုတွေ ရှိမယ်လို့ ယူဆရပါတယ်။

Display အရွယ်အစားကိုလည်း မသိရသေးဘဲ Xperia 1 II (Mark 2) ဟာ အရင်မျိုးဆက်လိုပဲ 6.5” Screen ပါဝင်လာတာကြောင့် Xperia 5 II မှာလည်း အရင်မျိုးဆက်ရဲ့ 6.1” Display ပြန်ပါလာနိုင်ပါတယ်။ 4K Display ဖြစ်နိုင်ဖို့ အခွင့်အလမ်း နည်းနေပြီး 1080p Resolution ကိုတော့ အနည်းဆုံး မြင်တွေ့ရမှာပါ။

လက်ရှိအချိန်မှာ ဂျပန်ပြည်တွင်းစျေးကွက်သီးသန့် ဖြစ်တဲ့ Xperia 8 Lite စမတ်ဖုန်းသစ်နဲ့ 12GB RAM ပါဝင်တဲ့ Xperia 1 II မော်ဒယ်သစ်တို့ကိုလည်း ဒီပွဲမှာ နိုင်ငံတကာစျေးကွက် အတွက် မိတ်ဆက်လာနိုင်ပါသေးတယ်။ Sony Xperia မိတ်ဆက်ပွဲကို စက်တင်ဘာ ၁၇ ရက်နေ့မှာ Sony ရဲ့ YouTube ချန်နယ်ကနေ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

Ref – GSMArena