Zawgyi

လက္ကိုင္ဖုန္းေတြကို ေဖ်ာ္ေျဖေရးအတြက္ အသုံးခ်လာတဲ့အခါမွာ Compact စမတ္ဖုန္းေတြကို ထုတ္လုပ္တဲ့သူေတြ နည္းသထက္နည္းလာပါတယ္။ ဒါေပမယ့္ Sony ကေတာ့ သူတုိ႔ရဲ႕ 5” Display နဲ႔ ေကာင္းမြန္တဲ့ အရည္အေသြးရွိ ဟန္းဆက္ေတြကို ဇြဲေကာင္းေကာင္းျဖင့္ ထပ္ထုတ္ေနတုန္းပါပဲ။ ယခုအခါ ဂ်ပန္အေျခစုိက္ကုမၸဏီရဲ႕ ႏုိင္ငံတကာေစ်းကြက္ကို ျဖန္႔ခ်ိဖို႔ ဖ်က္သိမ္းခဲ့တဲ့ Xperia XZ4 ဟန္းဆက္ကို Xperia Ace လို႔ အမည္ေျပာင္းၿပီး ဂ်ပန္ႏုိင္ငံျပည္တြင္းေစ်းကြက္ကို မိတ္ဆက္လာတာကို ေတြ႕ရပါတယ္။

Compact ဖုန္းအသစ္ Xperia Ace ဟာ 5” လက္မအရြယ္ LCD Display ပါဝင္ၿပီး Aspect Ratio ကေတာ့ 18:9 သာျဖစ္ပါတယ္။ ေရွ႕ဘက္မွာ Sony ရဲ႕ပုံမွန္ Bezel ေဘာင္ ခပ္ထူထူနဲ႔ ထြက္လာၿပီး 8MP ဆယ္ဖီကင္မရာနဲ႔ Dual-speaker တုိ႔ပါဝင္ပါတယ္။

အတြင္းမွာ Snapdragon 630 ခ်စ္ပ္ဆက္ကို အသုံးျပဳလာၿပီး 4GB RAM မန္မုိရီနဲ႔ 64GB Storage တုိ႔ ထည့္သြင္းထားပါတယ္။ ေနာက္ဘက္မွာေတာ့ 12MP ကင္မရာတစ္လုံးတည္း ပါဝင္တာကိုေတြ႕ရတယ္။ အသံတုိးခ်ဲ႕ခလုတ္ပါဝင္တဲ့ ကုိုယ္ထည္ညာဘက္ျခမ္းမွာပဲ Fingerprint ကိုလည္း ထည့္သြင္းထားပါတယ္။

ဘကၳရီကေတာ့ 2,700 mAh ျဖစ္ၿပီး USB-C အမ်ဳိးအစားပါ။ Android 9 OS ကိုအေျခခံထားၿပီး Sony ရဲ႕ Custom UI ကိုျမင္ရမွာပါ။ ဇြန္လတစ္ရက္ေန႔ကေန စေရာင္းခ်မယ့္ Xperia Ace စမတ္ဖုန္းဟာ Black, White နဲ႔ Purple ကာလာသုံးမ်ဳိးထြက္ရွိလာမွာျဖစ္ၿပီး ဂ်ပန္ယန္း ၄၈,၆၀၀ (ျမန္မာေငြ ေျခာက္သိန္းရွစ္ေသာင္း) ခန္႔ က်သင့္မွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

လက်ကိုင်ဖုန်းတွေကို ဖျော်ဖြေရေးအတွက် အသုံးချလာတဲ့အခါမှာ Compact စမတ်ဖုန်းတွေကို ထုတ်လုပ်တဲ့သူတွေ နည်းသထက်နည်းလာပါတယ်။ ဒါပေမယ့် Sony ကတော့ သူတို့ရဲ့ 5” Display နဲ့ ကောင်းမွန်တဲ့ အရည်အသွေးရှိ ဟန်းဆက်တွေကို ဇွဲကောင်းကောင်းဖြင့် ထပ်ထုတ်နေတုန်းပါပဲ။ ယခုအခါ ဂျပန်အခြေစိုက်ကုမ္ပဏီရဲ့ နိုင်ငံတကာဈေးကွက်ကို ဖြန့်ချိဖို့ ဖျက်သိမ်းခဲ့တဲ့ Xperia XZ4 ဟန်းဆက်ကို Xperia Ace လို့ အမည်ပြောင်းပြီး ဂျပန်နိုင်ငံပြည်တွင်းဈေးကွက်ကို မိတ်ဆက်လာတာကို တွေ့ရပါတယ်။

Compact ဖုန်းအသစ် Xperia Ace ဟာ 5” လက်မအရွယ် LCD Display ပါဝင်ပြီး Aspect Ratio ကတော့ 18:9 သာဖြစ်ပါတယ်။ ရှေ့ဘက်မှာ Sony ရဲ့ပုံမှန် Bezel ဘောင် ခပ်ထူထူနဲ့ ထွက်လာပြီး 8MP ဆယ်ဖီကင်မရာနဲ့ Dual-speaker တို့ပါဝင်ပါတယ်။

အတွင်းမှာ Snapdragon 630 ချစ်ပ်ဆက်ကို အသုံးပြုလာပြီး 4GB RAM မန်မိုရီနဲ့ 64GB Storage တို့ ထည့်သွင်းထားပါတယ်။ နောက်ဘက်မှာတော့ 12MP ကင်မရာတစ်လုံးတည်း ပါဝင်တာကိုတွေ့ရတယ်။ အသံတိုးချဲ့ခလုတ်ပါဝင်တဲ့ ကိုယ်ထည်ညာဘက်ခြမ်းမှာပဲ Fingerprint ကိုလည်း ထည့်သွင်းထားပါတယ်။

ဘက္ထရီကတော့ 2,700 mAh ဖြစ်ပြီး USB-C အမျိုးအစားပါ။ Android 9 OS ကိုအခြေခံထားပြီး Sony ရဲ့ Custom UI ကိုမြင်ရမှာပါ။ ဇွန်လတစ်ရက်နေ့ကနေ စရောင်းချမယ့် Xperia Ace စမတ်ဖုန်းဟာ Black, White နဲ့ Purple ကာလာသုံးမျိုးထွက်ရှိလာမှာဖြစ်ပြီး ဂျပန်ယန်း ၄၈,၆၀၀ (မြန်မာငွေ ခြောက်သိန်းရှစ်သောင်း) ခန့် ကျသင့်မှာဖြစ်ပါတယ်။

Ref – GSM Arena