[Zawgyi]

Sony က Active Noise-cancelling နည္းပညာ ပါတဲ့ စြမ္းရည္ျမင့္ Headphones မ်ားကို ဖန္တီးေနတဲ့ ကုမၸဏီအနည္းငယ္ထဲက တစ္ခု ျဖစ္ပါတယ္။ အခုလည္း အဲဒီ ပတ္၀န္းက်င္မွ အသံဆူညံမႈ ေဖ်ာက္ေပးတဲ့ နည္းပညာ ပါတဲ့ WF-1000XM3 Earbuds ကို ေၾကညာလိုက္ပါတယ္။ သူဟာ လြန္ခဲ့တဲ့ ႏွစ္ႏွစ္က ေရာင္းခ်ခဲ့တဲ့ WF-1000X ရဲ႕ မ်ိဳးဆက္သစ္ ျဖစ္ၿပီး ေမာ္ဒယ္ အသစ္မွာ Noice Cancelling ပိုေကာင္းလာသလို ဘက္ထရီ သက္တမ္းလည္း ပိုတုိးတက္လာပါတယ္။

ေမာ္ဒယ္ အသစ္ရဲ႕ ဒီဇိုင္းဟာ အရမ္းလွပါတယ္။ နားၾကပ္မွာ လက္နဲ႔ ထိေတြ႕ၿပီး အလုပ္မ်ား ခုိင္းေစႏုိင္တဲ့ ဧရိယာလည္း ပါပါတယ္။ ဆိုနီက Headphones Connect App မွာ Adaptive Sound Control လုပ္ေဆာင္ခ်က္ပါတယ္လို႔ ေျပာပါတယ္။ ဒီလုပ္ေဆာင္ခ်က္က သင္ လုပ္ေနတဲ့ အလုပ္မ်ား အေပၚ မူတည္ၿပီး နားၾကပ္က အေရးႀကီးတဲ့ အသံမ်ားကို ဦးစားေပး ထုတ္လႊင့္ေပးမွာ ျဖစ္ပါတယ္။ ဥပမာအားျဖင့္ သင္ လမ္းမွာ သြားလာေနစဥ္မွာ ကားတစ္စီးက ဟြန္းတီးတာကို ၾကားရေအာင္ နားၾကပ္က အလိုအေလွ်ာက္ ခ်ိန္ညွိေပးပါတယ္။ ဘူတာရံုမွာ ရထား ေစာင့္ဆိုင္းေနစဥ္မွာ ရထားဆိုက္ေရာက္လာတာကို ေၾကညာတဲ့ အသံကို နားၾကပ္က ၾကားရေအာင္ အလိုအေလွ်ာက္ ခ်ိန္ညွိေပးႏိုင္ပါတယ္။

နားၾကပ္မွာ QN1e HD NC Processor ပါပါတယ္။ Bluetooth 5.0 ပါၿပီး ၁၀ မီတာ အတြင္းမွာ စမတ္ဖုန္း၊ တက္ဘလက္မ်ားနဲ႔ ခ်ိတ္ဆက္ႏုိင္ပါတယ္။ နားၾကပ္တစ္ဖက္ဟာ ၉ ဂရမ္ေအာက္သာ ရွိပါတယ္။ နားၾကပ္အတြက္ ထုတ္လုပ္ထားတဲ့ ေက့စ္ အပါဆိုရင္ ၇၇ ဂရမ္ ရွိလာပါတယ္။ ေက့စ္မွာ ဘက္ထရီပါၿပီး နားၾကပ္ကို အားသြင္းခ်ိန္ဟာ ၁ နာရီခြဲသာ ၾကာပါတယ္။ Noice Cancelling ကို ဖြင့္ထားၿပီး သီခ်င္း နားဆင္ရင္ ၆ နာရီ အသံုးခံပါတယ္။ Noice Cancelling ကို ပိတ္ထားရင္ ၈ နာရီ အသံုးခံပါတယ္။

ၾသဂုတ္လမွာ ေဒၚလာ ၂၃၀ နဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။ ျမန္မာေငြ ၃၄၀ ၀၀၀ ၀န္းက်င္ က်သင့္မွာပါ။ အနက္နဲ႔ ေငြေရာင္မ်ား ထုတ္လုပ္ထားပါတယ္။

Ref : gsmarena

[Unicode]

Sony က အသံဆူညံမှုကို ဖျောက်ပေးတဲ့ ကြိုးမဲ့ နားကြပ် အသစ်ကို ပြသ

Sony က Active Noise-cancelling နည်းပညာ ပါတဲ့ စွမ်းရည်မြင့် Headphones များကို ဖန်တီးနေတဲ့ ကုမ္ပဏီအနည်းငယ်ထဲက တစ်ခု ဖြစ်ပါတယ်။ အခုလည်း အဲဒီ ပတ်ဝန်းကျင်မှ အသံဆူညံမှု ဖျောက်ပေးတဲ့ နည်းပညာ ပါတဲ့ WF-1000XM3 Earbuds ကို ကြေညာလိုက်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ နှစ်နှစ်က ရောင်းချခဲ့တဲ့ WF-1000X ရဲ့ မျိုးဆက်သစ် ဖြစ်ပြီး မော်ဒယ် အသစ်မှာ Noice Cancelling ပိုကောင်းလာသလို ဘက်ထရီ သက်တမ်းလည်း ပိုတိုးတက်လာပါတယ်။

မော်ဒယ် အသစ်ရဲ့ ဒီဇိုင်းဟာ အရမ်းလှပါတယ်။ နားကြပ်မှာ လက်နဲ့ ထိတွေ့ပြီး အလုပ်များ ခိုင်းစေနိုင်တဲ့ ဧရိယာလည်း ပါပါတယ်။ ဆိုနီက Headphones Connect App မှာ Adaptive Sound Control လုပ်ဆောင်ချက်ပါတယ်လို့ ပြောပါတယ်။ ဒီလုပ်ဆောင်ချက်က သင် လုပ်နေတဲ့ အလုပ်များ အပေါ် မူတည်ပြီး နားကြပ်က အရေးကြီးတဲ့ အသံများကို ဦးစားပေး ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သင် လမ်းမှာ သွားလာနေစဉ်မှာ ကားတစ်စီးက ဟွန်းတီးတာကို ကြားရအောင် နားကြပ်က အလိုအလျှောက် ချိန်ညှိပေးပါတယ်။ ဘူတာရုံမှာ ရထား စောင့်ဆိုင်းနေစဉ်မှာ ရထားဆိုက်ရောက်လာတာကို ကြေညာတဲ့ အသံကို နားကြပ်က ကြားရအောင် အလိုအလျှောက် ချိန်ညှိပေးနိုင်ပါတယ်။

နားကြပ်မှာ QN1e HD NC Processor ပါပါတယ်။ Bluetooth 5.0 ပါပြီး ၁၀ မီတာ အတွင်းမှာ စမတ်ဖုန်း၊ တက်ဘလက်များနဲ့ ချိတ်ဆက်နိုင်ပါတယ်။ နားကြပ်တစ်ဖက်ဟာ ၉ ဂရမ်အောက်သာ ရှိပါတယ်။ နားကြပ်အတွက် ထုတ်လုပ်ထားတဲ့ ကေ့စ် အပါဆိုရင် ၇၇ ဂရမ် ရှိလာပါတယ်။ ကေ့စ်မှာ ဘက်ထရီပါပြီး နားကြပ်ကို အားသွင်းချိန်ဟာ ၁ နာရီခွဲသာ ကြာပါတယ်။ Noice Cancelling ကို ဖွင့်ထားပြီး သီချင်း နားဆင်ရင် ၆ နာရီ အသုံးခံပါတယ်။ Noice Cancelling ကို ပိတ်ထားရင် ၈ နာရီ အသုံးခံပါတယ်။

သြဂုတ်လမှာ ဒေါ်လာ ၂၃၀ နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ မြန်မာငွေ ၃၄၀ ၀၀၀ ဝန်းကျင် ကျသင့်မှာပါ။ အနက်နဲ့ ငွေရောင်များ ထုတ်လုပ်ထားပါတယ်။

Ref : gsmarena