Zawgyi

စမတ္ဖုန္းေစ်းကြက္မွာ အေျခအေနမလွေသးတဲ့ Sony ကုမၸဏီဟာ သူတုိ႔ရဲ႕နာမည္ေက်ာ္ Xperia စမတ္ဖုန္း လိုင္းအပ္ကို အခုႏွစ္အတြင္း ျပန္လည္ဆန္းသစ္ခဲ့ပါတယ္။ အဲ့ဒီထဲမွာ အသိသာဆုံးကေတာ့ Aspect Ratio 21:9 နဲ႔ ရွည္ေမ်ာေမ်ာဖုန္းေတြပါပဲ။

ယေန႔ထြက္ေပၚလာတဲ့ Roadmap အရေတာ့ Sony ကုမၸဏီဟာ လာမယ့္ ၂၀၂၀ ခုႏွစ္မွာလည္း Xperia ထုတ္ကုန္လိုင္းကို ဆက္လက္္အသက္သြင္းဦးမွာျဖစ္ၿပီး အနည္းဆုံး Flagship စမတ္ဖုန္း ၄မ်ိဴးနဲ႔ Midrange ၃မ်ိဴးတုိ႔ကို ယူေဆာင္လာမယ္လို႔ ေဖာ္ျပထားပါတယ္။

အဆုိပါ Flagship ၄မ်ိဴးစလုံးမွာ Snapdragon 865 ခ်စ္ပ္ဆက္ကို အသုံးျပဳလာၿပီး 5G ခ်ိတ္ဆက္ႏုိင္စြမ္း အားလုံးမွာ ပါဝင္လာမယ္လို႔ ေမွ်ာ္မွန္းရပါတယ္။ Midrange ေတြကလည္း မ်ဳိးဆက္သစ္ Snapdragon 735 ခ်စ္ပ္ဆက္ ေတြအသုံးျပဳလာမွာျဖစ္ၿပီး 5G ပါဝင္ဦးမွာပါ။

အခုႏွစ္ဇြန္လတုန္းက Sony ရဲ႕ Concept ထုတ္ကုန္အုိင္ဒီယာတစ္ခုကို ျမင္ေတြ႕ခဲ့ရၿပီး အဆုိပါ Render ထဲမွာ Hexa-cam Setup ကိုျမင္ေတြ႕ခဲ့ရပါတယ္။ ၄င္းက ၂၀၂၀ ခုႏွစ္မွာ ထုတ္လုပ္လာမယ့္ စမတ္ဖုန္းလုိ႔ ယူဆရၿပီး Xperia 0 လို႔ အမည္ေပးလာမယ္လို႔ ယူဆၾကတယ္။ Hexa-cam ဆုိတာကေတာ့ စုစုေပါင္းကင္မရာ ၆လုံးပါဝင္မယ္လို႔ ဆုိလိုတာျဖစ္ၿပီး ေရွ႕ဘက္မွာ Dual-selfie နဲ႔ ေနာက္ဘက္မွာ Sensor ၆ ခုတုိ႕ကို ျမင္ေတြ႕ရမွာပါ။ Xperia 0 စမတ္ဖုန္းကို IFA 2020 ပြဲေတာ္မွာ စတင္ျမင္ေတြ႕ရမယ္လို႔လည္း ခန္႔မွန္းရပါတယ္။

ဒါေပမယ့္ လက္ရွိမွာေတာ့ Sony Xperia ဖုန္းသစ္ေတြရဲ႕ အခ်က္အလက္ေတြကို ျမင္ေတြ႕ရဦးမွာ မဟုတ္ပါဘူး။ ၂၀၂၀ ႏွစ္စထဲကို ဝင္ေရာက္လာမွပဲ စၿပီးျမင္ေတြ႕ရမွာျဖစ္တဲ့အတြက္ နည္းပညာဘီလူးႀကီးတစ္ေယာက္ျဖစ္တဲ့ Sony တစ္ေယာက္ စမတ္ဖုန္းေစ်းကြက္ကို ဘယ္လိုျပန္လုမလဲ ဆုိတာ ေစာင့္ေမွ်ာ္ၾကည့္ရႈရဦးမွာပါ။

Ref – GSM Arena

Unicode

စမတ်ဖုန်းဈေးကွက်မှာ အခြေအနေမလှသေးတဲ့ Sony ကုမ္ပဏီဟာ သူတို့ရဲ့နာမည်ကျော် Xperia စမတ်ဖုန်း လိုင်းအပ်ကို အခုနှစ်အတွင်း ပြန်လည်ဆန်းသစ်ခဲ့ပါတယ်။ အဲ့ဒီထဲမှာ အသိသာဆုံးကတော့ Aspect Ratio 21:9 နဲ့ ရှည်မျောမျောဖုန်းတွေပါပဲ။

ယနေ့ထွက်ပေါ်လာတဲ့ Roadmap အရတော့ Sony ကုမ္ပဏီဟာ လာမယ့် ၂၀၂၀ ခုနှစ်မှာလည်း Xperia ထုတ်ကုန်လိုင်းကို ဆက်လက်အသက်သွင်းဦးမှာဖြစ်ပြီး အနည်းဆုံး Flagship စမတ်ဖုန်း ၄မ်ိဴးနဲ့ Midrange ၃မ်ိဴးတို့ကို ယူဆောင်လာမယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ Flagship ၄မ်ိဴးစလုံးမှာ Snapdragon 865 ချစ်ပ်ဆက်ကို အသုံးပြုလာပြီး 5G ချိတ်ဆက်နိုင်စွမ်း အားလုံးမှာ ပါဝင်လာမယ်လို့ မျှော်မှန်းရပါတယ်။ Midrange တွေကလည်း မျိုးဆက်သစ် Snapdragon 735 ချစ်ပ်ဆက် တွေအသုံးပြုလာမှာဖြစ်ပြီး 5G ပါဝင်ဦးမှာပါ။

အခုနှစ်ဇွန်လတုန်းက Sony ရဲ့ Concept ထုတ်ကုန်အိုင်ဒီယာတစ်ခုကို မြင်တွေ့ခဲ့ရပြီး အဆိုပါ Render ထဲမှာ Hexa-cam Setup ကိုမြင်တွေ့ခဲ့ရပါတယ်။ ၎င်းက ၂၀၂၀ ခုနှစ်မှာ ထုတ်လုပ်လာမယ့် စမတ်ဖုန်းလို့ ယူဆရပြီး Xperia 0 လို့ အမည်ပေးလာမယ်လို့ ယူဆကြတယ်။ Hexa-cam ဆိုတာကတော့ စုစုပေါင်းကင်မရာ ၆လုံးပါဝင်မယ်လို့ ဆိုလိုတာဖြစ်ပြီး ရှေ့ဘက်မှာ Dual-selfie နဲ့ နောက်ဘက်မှာ Sensor ၆ ခုတို့ကို မြင်တွေ့ရမှာပါ။ Xperia 0 စမတ်ဖုန်းကို IFA 2020 ပွဲတော်မှာ စတင်မြင်တွေ့ရမယ်လို့လည်း ခန့်မှန်းရပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ Sony Xperia ဖုန်းသစ်တွေရဲ့ အချက်အလက်တွေကို မြင်တွေ့ရဦးမှာ မဟုတ်ပါဘူး။ ၂၀၂၀ နှစ်စထဲကို ဝင်ရောက်လာမှပဲ စပြီးမြင်တွေ့ရမှာဖြစ်တဲ့အတွက် နည်းပညာဘီလူးကြီးတစ်ယောက်ဖြစ်တဲ့ Sony တစ်ယောက် စမတ်ဖုန်းဈေးကွက်ကို ဘယ်လိုပြန်လုမလဲ ဆိုတာ စောင့်မျှော်ကြည့်ရှုရဦးမှာပါ။

Ref – GSM Arena