Sony ကနေ ဘေးဘောင်ပျောက်စမတ်ဖုန်း Series စမတ်ဖုန်းဖြစ်တဲ့ Sony XA Series ဖုန်းအသစ်တစ်ခုကို ထုတ်လုပ်တော့မှာဖြစ်ပါတယ်။ အခုထွက်ရှိလာမယ့် Sony Xperia စမတ်ဖုန်းကတော့ Sony Xperia XA2 Ultra စမတ်ဖုန်းပဲဖြစ်ပြီး Hands-on ဓါတ်ပုံတွေထွက်ရှိလာတာပဲဖြစ်ပါတယ်။

အခုမော်ဒယ်နံပါတ် H4233 လို့ပေးထားတဲ့ Sony XA2 Ultra စမတ်ဖုန်းဟာ ယခင် Sony XA1 Ultra စမတ်ဖုန်းလိုမျိုးပဲ ဘေးဘောင်ပျောက် 6″ Full HD Display ပါဝင်ပေမယ့် လုံးဝဘေးဘောင်ပျောက်စမတ်ဖုန်းတွေလိုတော့ မဟုတ်သေးပါဘူး။

Sony XA2 Ultra ရဲ့ အားသာချက်တွေလို့ပြောလို့ရတာကတော့ ပထမဆုံးအနေနဲ့ Sony XA2 Ultra မှာ Dual Selfie Camera ပါဝင်လာတာဖြစ်ပါတယ်။ အရှေ့ဘက်မှာ LED Flashlight ပါဝင်တဲ့အတွက် ဒီတစ်ခါမှာတော့ Sony XA2 Ultra ဖုန်းဟာ Selfie Camera ဘက်ကို ဦးစားပေးလာတယ်လို့ပြောလို့ရပါတယ်။

နောက်တစ်ချက်အနေနဲ့ကတော့ Sony XA2 Ultra စမတ်ဖုန်းဟာ Android Oreo ကို သုံးစွဲလာမှာဖြစ်ပြီး Fingerprint Sensor ကတော့ ဖုန်းရဲ့နောက်ကျောဘက်မှာပဲရှိနေမှာဖြစ်ပါတယ်။ စွမ်းဆောင်ရည်အနေနဲ့ကတော့ Snapdragon 630 CPU ၊ RAM 4GB နဲ့ Internal Storage ပါဝင်မှာဖြစ်တယ်လို့သိရပြီး ဈေးနှုန်းအနေနဲ့ကတော့ အတိအကျမသိရသေးပါဘူး။