[Zawgyi]

ဇြန္လတုန္းက ျဖန႔္ခ်ိခဲ့တဲ့ Sony ရဲ႕ Xperia 1 ဟာ ကင္မရာပိုင္းမွာ လူေျပာသူေျပာ မ်ားခဲ့ပါေသးတယ္။ အခုေတာ့ Software update သစ္ကို ရရွိမွာျဖစ္ၿပီး ဒီ Update ဟာ အဓိက Update မဟုတ္ေပမယ့္ ကင္မရာပိုင္းဆိုင္ရာမွာ ပိုေကာင္းတဲ့ ျပင္ဆင္မႈေတြ ပါဝင္လာတယ္လို႔ သိရပါတယ္။

Update ကေန သယ္ေဆာင္လာတာကေတာ့ ႐ုပ္ပုံအရည္အေသြး ပိုမိုေကာင္းမြန္ေစမႈအျပင္ ကင္မရာအတြက္ Zoom farming လည္း ပါဝင္လာတယ္လို႔ သိရပါတယ္။ ကင္မရာ interface လည္း ေျပာင္းလဲသြားသလို ႐ိုက္ကူးမႈျပဳလုပ္ရာမွာလည္း ပိုၿပီးတည္ၿငိမ္မႈရွိသြားတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ Xperia 1 အတြက္ Update ေတြဟာ ေနာက္ထပ္လည္းေရာက္လာဦးမွာျဖစ္ၿပီး ကင္မရာရဲ႕ စြမ္းေဆာင္ရည္ကို ပိုမိုတည္ၿငိမ္ေအာင္နဲ႔ ပိုၿပီးစိတ္ခ်ႏိုင္တဲ့အရည္အေသြးျဖစ္ေအာင္ ျမႇင့္တင္သြားမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ဒီ Update မွာ Bluetooth နဲ႔ နားၾကပ္ခ်ိတ္ဆက္မႈဟာ ပိုၿပီးတည္ၿငိမ္သြားသလို စြမ္းအင္သုံးစြဲမႈမ်ားေနတာကိုလည္း ပိုၿပီးစီမံခန႔္ခြဲလာႏိုင္တယ္လို႔ သိရပါတယ္။

ဒီ Update ကို ျမႇင့္တင္လိုက္ျခင္းအားျဖင့္ Sony Xperia 1 အသုံးျပဳသူေတြဟာ ဘက္ထရီသက္တမ္းကို အရင္ကထက္ ပိုၿပီးၾကာၾကာသုံးလာႏိုင္ေတာ့မယ္လို႔လည္း သိရပါတယ္။ Update ရဲ႕ Build number ဟာ 55.0.A.6.56 ျဖစ္တာေၾကာင့္ အရင္အတိုင္းပဲ ေနာက္ထပ္ အဆင့္ဆင့္ ထပ္ထုတ္ေပးဦးမယ္လို႔ ယုံၾကည္ရပါတယ္။

Ref: GSM Arena

[Unicode]

ကင်မရာပိုင်းနဲ့ စွမ်းအင်သုံးစွဲမှုပိုင်းတွေ ပိုကောင်းမွန်လာစေမယ့် Sony Xperia 1 အတွက် စက်တင်ဘာ Update ထွက်ပေါ်လာ

ဇွန်လတုန်းက ဖြန့်ချိခဲ့တဲ့ Sony ရဲ့ Xperia 1 ဟာ ကင်မရာပိုင်းမှာ လူပြောသူပြော များခဲ့ပါသေးတယ်။ အခုတော့ Software update သစ်ကို ရရှိမှာဖြစ်ပြီး ဒီ Update ဟာ အဓိက Update မဟုတ်ပေမယ့် ကင်မရာပိုင်းဆိုင်ရာမှာ ပိုကောင်းတဲ့ ပြင်ဆင်မှုတွေ ပါဝင်လာတယ်လို့ သိရပါတယ်။

Update ကနေ သယ်ဆောင်လာတာကတော့ ရုပ်ပုံအရည်အသွေး ပိုမိုကောင်းမွန်စေမှုအပြင် ကင်မရာအတွက် Zoom farming လည်း ပါဝင်လာတယ်လို့ သိရပါတယ်။ ကင်မရာ interface လည်း ပြောင်းလဲသွားသလို ရိုက်ကူးမှုပြုလုပ်ရာမှာလည်း ပိုပြီးတည်ငြိမ်မှုရှိသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် Xperia 1 အတွက် Update တွေဟာ နောက်ထပ်လည်းရောက်လာဦးမှာဖြစ်ပြီး ကင်မရာရဲ့ စွမ်းဆောင်ရည်ကို ပိုမိုတည်ငြိမ်အောင်နဲ့ ပိုပြီးစိတ်ချနိုင်တဲ့အရည်အသွေးဖြစ်အောင် မြှင့်တင်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီ Update မှာ Bluetooth နဲ့ နားကြပ်ချိတ်ဆက်မှုဟာ ပိုပြီးတည်ငြိမ်သွားသလို စွမ်းအင်သုံးစွဲမှုများနေတာကိုလည်း ပိုပြီးစီမံခန့်ခွဲလာနိုင်တယ်လို့ သိရပါတယ်။

ဒီ Update ကို မြှင့်တင်လိုက်ခြင်းအားဖြင့် Sony Xperia 1 အသုံးပြုသူတွေဟာ ဘက်ထရီသက်တမ်းကို အရင်ကထက် ပိုပြီးကြာကြာသုံးလာနိုင်တော့မယ်လို့လည်း သိရပါတယ်။ Update ရဲ့ Build number ဟာ 55.0.A.6.56 ဖြစ်တာကြောင့် အရင်အတိုင်းပဲ နောက်ထပ် အဆင့်ဆင့် ထပ်ထုတ်ပေးဦးမယ်လို့ ယုံကြည်ရပါတယ်။

Ref: GSM Arena