Zawgyi

Sony ကေန ျပီးခဲ့တဲ့ႏွစ္တုန္းက 21:9 Ratio Ultrawide Display ကို စတင္အသံုးျပဳလာတဲ့ Sony Xperia 1 Flagship ဖုန္းကို မိတ္ဆက္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Sony Xperia 10 နာမည္နဲ႔ ဒီ 21:9 Ratio Display နဲ႔ပဲ Mid Range Level ဖုန္းကို ထပ္ျပီး ထုတ္လုပ္ခဲ့တာျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ အဆုိပါ Sony Xperia 10 စမတ္ဖုန္းထြက္ရွိထားတာ ၆ လဝန္းက်င္ပဲရွိေသးေပမယ့္ Sony ကေန မ်ိဳးဆက္သစ္ Xperia 20 ဖုန္းသစ္ကို မိတ္ဆက္လာေတာ့မယ့္ပံုစံပါပဲ။

အခုထြက္ရွိလာတဲ့သတင္းေတြအရ Sony Xperia 20 စမတ္ဖုန္းက 6″ FullHD+ Display ကို အသံုးျပဳလာမွာျဖစ္ျပီး အျပင္ပန္းဒီဇိုိင္းပိုင္းအရ အေရွ႕က ထြက္ရွိထားတဲ့ Sony Xperia 10 နဲ႔ တူညီေနမွာျဖစ္တယ္လုိ႔ သိရပါတယ္။ အဲ့ဒီအတြက္ ဖုန္းရဲ႕ေအာက္ေျခမွာေတာ့ Bezel ေတြပါးေနျပီးေတာ့ အေပၚဘက္မွာေတာ့ ပံုမွန္ဖုန္းတစ္ခုအတိုင္းပဲ ေတာ္ေတာ္ေလးထူတဲ့ Bezel ေတြပါဝင္ေနမွာပါ။

အျပင္ပန္းအရတူညီတယ္ဆုိေပမယ့္လည္း Performance ပိုင္းမွာေတာ့ ဒီ Xperia 20 စမတ္ဖုန္းက မႏွစ္က Xperia 10 ရဲ႕ Snapdragon 630 အစား 710 Processor ကိုေျပာင္းလဲအသံုးျပဳလာမွာျဖစ္တဲ့အတြက္ သိသိသာသာကို စြမ္းေဆာင္ရည္ပုိေကာင္းလာမွာပါ။ ဒါ့အျပင္ RAM 4GB ဒါမွမဟုတ္ 6GB ေရြးခ်ယ္ႏုိင္မွာျဖစ္ျပီးေတာ့ RAM ေပၚမူတည္ျပီး Storage ကလည္း 64GB သို႔ 128GB ပါဝင္မွာပဲျဖစ္ပါတယ္။

Camera ပိုင္းအေနနဲ႔ေတာ့ Dual 12MP Camera ကို အသံုးျပဳလာမွာျဖစ္ျပီးေတာ့ Selfie Camera က ဘယ္ေလာက္ Megapixels ရွိမလဲကိုေတာ့ အခုထိမသိရေသးပါဘူး။

ယခု Sony Xperia 20 စမတ္ဖုန္းကို လာမယ့္ စက္တင္ဘာလေနာက္ပိုင္းမွာ တရားဝင္မိတ္ဆက္လာႏုိင္ပါတယ္။

Ref – Gizmo China

Unicode

Sony ကနေ ပြီးခဲ့တဲ့နှစ်တုန်းက 21:9 Ratio Ultrawide Display ကို စတင်အသုံးပြုလာတဲ့ Sony Xperia 1 Flagship ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Sony Xperia 10 နာမည်နဲ့ ဒီ 21:9 Ratio Display နဲ့ပဲ Mid Range Level ဖုန်းကို ထပ်ပြီး ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ အဆိုပါ Sony Xperia 10 စမတ်ဖုန်းထွက်ရှိထားတာ ၆ လဝန်းကျင်ပဲရှိသေးပေမယ့် Sony ကနေ မျိုးဆက်သစ် Xperia 20 ဖုန်းသစ်ကို မိတ်ဆက်လာတော့မယ့်ပုံစံပါပဲ။

အခုထွက်ရှိလာတဲ့သတင်းတွေအရ Sony Xperia 20 စမတ်ဖုန်းက 6″ FullHD+ Display ကို အသုံးပြုလာမှာဖြစ်ပြီး အပြင်ပန်းဒီဇိုင်းပိုင်းအရ အရှေ့က ထွက်ရှိထားတဲ့ Sony Xperia 10 နဲ့ တူညီနေမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ဖုန်းရဲ့အောက်ခြေမှာတော့ Bezel တွေပါးနေပြီးတော့ အပေါ်ဘက်မှာတော့ ပုံမှန်ဖုန်းတစ်ခုအတိုင်းပဲ တော်တော်လေးထူတဲ့ Bezel တွေပါဝင်နေမှာပါ။

အပြင်ပန်းအရတူညီတယ်ဆိုပေမယ့်လည်း Performance ပိုင်းမှာတော့ ဒီ Xperia 20 စမတ်ဖုန်းက မနှစ်က Xperia 10 ရဲ့ Snapdragon 630 အစား 710 Processor ကိုပြောင်းလဲအသုံးပြုလာမှာဖြစ်တဲ့အတွက် သိသိသာသာကို စွမ်းဆောင်ရည်ပိုကောင်းလာမှာပါ။ ဒါ့အပြင် RAM 4GB ဒါမှမဟုတ် 6GB ရွေးချယ်နိုင်မှာဖြစ်ပြီးတော့ RAM ပေါ်မူတည်ပြီး Storage ကလည်း 64GB သို့ 128GB ပါဝင်မှာပဲဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့တော့ Dual 12MP Camera ကို အသုံးပြုလာမှာဖြစ်ပြီးတော့ Selfie Camera က ဘယ်လောက် Megapixels ရှိမလဲကိုတော့ အခုထိမသိရသေးပါဘူး။

ယခု Sony Xperia 20 စမတ်ဖုန်းကို လာမယ့် စက်တင်ဘာလနောက်ပိုင်းမှာ တရားဝင်မိတ်ဆက်လာနိုင်ပါတယ်။

Ref – Gizmo China