Sony က စွမ်းရည်သင့် Xperia L4 ကို ဖေဖော်ဝါရီလက ကြေညာခဲ့ပြီး အခုတော့ ဥရောပမှာ ရောင်းပေးလိုက်ပါပြီ။ ၁၉၉ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်းလောက်ရှိပါတယ်။ အနက်နဲ့ အပြာရောင်ထုတ်လုပ်ထားပြီး Carrier တွေနဲ့ စတိုးတွေကနေ ဝယ်ယူနိုင်ပါတယ်။

Xperia L4 မှာ  ၆.၂ လက်မ 720×1680 Resolution မျက်နှာပြင် ထည့်သွင်းထားပါတယ်။ 21:9 Aspect Ratio ဖြစ်တဲ့ အတွက် မျက်နှာပြင် အရမ်းရှည်တဲ့ ဒီဇိုင်းပါ။ MediaTek Helio P22 Chipset မောင်းနှင်ထားပြီး 3GB RAM နဲ့ 64GB Storage ပါပါတယ်။ အနောက်ကင်မရာ ၃ လုံးပါလာပြီး 13MP Main , 5MP Ultrawide နဲ့ 2MP Depth တွေ ဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ အထက် အလယ်တည့်တည့်မှာ အရွယ်သေး Notch တပ်ဆင်ထားပြီး 8MP ကင်မရာ ထည့်ထားပါတယ်။  Android 9 Pie ပဲပါတာက သိပ်မမိုက်သလို Android 10 ရမလားဆိုတာလည်း မသိရသေးပါဘူး။ Dual-SIM Support နဲ့ 3,580mAh ဘက်ထရီတွေ ပါပေမယ့် ဘက်ထရီမှာ လျှင်မြန်တဲ့ အားသွင်းနည်းပညာ မပါပါဘူး။

Xperia 10 II ကို ထိုင်ဝမ်မှာ မေလ ၅ ရက်နေ့ ရောင်းချပေးမှာ ဖြစ်ပြီး လက်ရှိမှာ ဈေး မသိရသေးပါဘူး။ ဇွန်လလယ်မှာ ဗြိတိန်မှာ ရောင်းချပေးမယ်လို့ ထင်ပါတယ်။ အဲဒီ ဖုန်းမှာ ၆ လက်မ 1080x2520p 21:9 OLED မျက်နှာပြင်၊ Snapdragon 665 Chipset , 4GB RAM , 128GB Storage , 3,600mAh ဘက်ထရီနဲ့ Android 10 ထည့်ထားပါတယ်။ အနောက်ဘက်မှာ 12MP Wide, 8MP Telephoto နဲ့ 8MP ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။

Ref : gsmarena