[Zawgyi]

တကယ္ေတာ့ Xperia XZ3 ဆိုတာ ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလတုန္းက ထြက္ရွိခဲ့တဲ့ Sony ရဲ႕ Flagship စမတ္ဖုန္းျဖစ္ပါတယ္။ ဒါေပမယ့္ DxOMark ကေတာ့ Xperia XZ3 ရဲ႕ Camera Review ကို မၾကာေသးခင္ကမွ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

Xperia XZ3 ဟာ Resolution 1440 x 2880 pixels ရွိတဲ့ 6” OLED Display နဲ႔ Snapdragon 845 SoC ေတြကို အသုံးျပဳထားတဲ့ စမတ္ဖုန္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၈ခုႏွစ္မွာ Dual Camera နဲ႔ Triple Camera ေတြ ေခတ္စားခဲ့ေပမယ့္ Xperia XZ3 မွာေတာ့ Aperture f/2.0 အက်ယ္ရွိ 19MP (Wide) Camera တစ္လုံးတည္းကိုပဲ အသုံးျပဳထားတာ ျဖစ္ပါတယ္။ ေရွ႕ဘက္မ်က္ႏွာျပင္မွာလည္း Aperture f/1.9 အက်ယ္ရွိ 13MP (Wide) Camera တစ္လုံးတည္းကိုပဲ တပ္ဆင္အသုံးျပဳထားပါတယ္။

DxOMark အေနနဲ႔ Sony Xperia XZ3 ရဲ႕ Camera Review ကို လြန္ခဲ့တဲ့ မတ္လ ၂၁ရက္ေန႔တုန္းက ထုတ္ျပန္ေၾကညာေပးခဲ့တာ ျဖစ္ပါတယ္။ DxOMark ရဲ႕ ထုတ္ျပန္ေၾကညာခ်က္အရဆိုရင္ Xperia XZ3 ရဲ႕ ကင္မရာအရည္အေသြးဟာ အားရစရာ မေကာင္းပါဘူး။ စုစုေပါင္း ရမွတ္ ၇၉မွတ္သာ ရရွိခဲ့တာ ျဖစ္ၿပီး Samsung ရဲ႕ ၂၀၁၈ခုႏွစ္ထုတ္ Mid-range စမတ္ဖုန္းျဖစ္တဲ့ Galaxy A8 ရဲ႕ ရမွတ္နဲ႔ တူညီေနတာ ေတြ႕ရပါတယ္။

အရည္အေသြးျမင့္ မိုဘိုင္းဖုန္း ကင္မရာ ဆင္ဆာေတြကို ထုတ္လုပ္ေပးတဲ့ ကုမၸဏီရဲ႕ စမတ္ဖုန္းက အခုလိုမ်ိဴး ရလဒ္ကို ပိုင္ဆိုင္ထားတာ လုံးဝ မျဖစ္သင့္တဲ့ ကိစၥပါ။ ဒါေပမယ့္ ၂၀၁၉ခုႏွစ္ထုတ္ Flagship စမတ္ဖုန္းျဖစ္ၿပီး Triple Camera Setup ပါဝင္လာတဲ့ Sony Xperia 1 က ဘယ္လိုမ်ိဴး ရလဒ္ေတြကို သယ္ေဆာင္လာမလဲဆိုတာ ပိုၿပီး စိတ္ဝင္စားစရာ ေကာင္းလာပါၿပီ။

Photo Ref : DxOMark

[Unicode]

DxOMark မှာ ရလဒ်မကောင်းခဲ့တဲ့ Sony Xperia XZ3

တကယ်တော့ Xperia XZ3 ဆိုတာ ၂၀၁၈ခုနှစ် အောက်တိုဘာလတုန်းက ထွက်ရှိခဲ့တဲ့ Sony ရဲ့ Flagship စမတ်ဖုန်းဖြစ်ပါတယ်။ ဒါပေမယ့် DxOMark ကတော့ Xperia XZ3 ရဲ့ Camera Review ကို မကြာသေးခင်ကမှ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Xperia XZ3 ဟာ Resolution 1440 x 2880 pixels ရှိတဲ့ 6” OLED Display နဲ့ Snapdragon 845 SoC တွေကို အသုံးပြုထားတဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်မှာ Dual Camera နဲ့ Triple Camera တွေ ခေတ်စားခဲ့ပေမယ့် Xperia XZ3 မှာတော့ Aperture f/2.0 အကျယ်ရှိ 19MP (Wide) Camera တစ်လုံးတည်းကိုပဲ အသုံးပြုထားတာ ဖြစ်ပါတယ်။ ရှေ့ဘက်မျက်နှာပြင်မှာလည်း Aperture f/1.9 အကျယ်ရှိ 13MP (Wide) Camera တစ်လုံးတည်းကိုပဲ တပ်ဆင်အသုံးပြုထားပါတယ်။

DxOMark အနေနဲ့ Sony Xperia XZ3 ရဲ့ Camera Review ကို လွန်ခဲ့တဲ့ မတ်လ ၂၁ရက်နေ့တုန်းက ထုတ်ပြန်ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။ DxOMark ရဲ့ ထုတ်ပြန်ကြေညာချက်အရဆိုရင် Xperia XZ3 ရဲ့ ကင်မရာအရည်အသွေးဟာ အားရစရာ မကောင်းပါဘူး။ စုစုပေါင်း ရမှတ် ၇၉မှတ်သာ ရရှိခဲ့တာ ဖြစ်ပြီး Samsung ရဲ့ ၂၀၁၈ခုနှစ်ထုတ် Mid-range စမတ်ဖုန်းဖြစ်တဲ့ Galaxy A8 ရဲ့ ရမှတ်နဲ့ တူညီနေတာ တွေ့ရပါတယ်။

အရည်အသွေးမြင့် မိုဘိုင်းဖုန်း ကင်မရာ ဆင်ဆာတွေကို ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီရဲ့ စမတ်ဖုန်းက အခုလိုမျိူး ရလဒ်ကို ပိုင်ဆိုင်ထားတာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပါ။ ဒါပေမယ့် ၂၀၁၉ခုနှစ်ထုတ် Flagship စမတ်ဖုန်းဖြစ်ပြီး Triple Camera Setup ပါဝင်လာတဲ့ Sony Xperia 1 က ဘယ်လိုမျိူး ရလဒ်တွေကို သDယ်ဆောင်လာမလဲဆိုတာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပါပြီ။

Photo Ref : DxOMark