စပိန်ဟာ Cryptocurrency ကို ကြော်ငြာပေးတဲ့ လူမှုကွန်ရက် နာမည်ကျော်ကြားသူတွေနဲ့ တခြား ကုမ္ပဏီတွေအတွက် ဥပဒေ အသစ်တွေကို ကြေညာလိုက်ပါတယ်။ နာမည်ကျော်ကြားသူတွေနဲ့ ကုမ္ပဏီတွေဟာ Crypto ကြော်ငြာတဲ့ ပွဲတွေ မပြုလုပ်ခင် အနည်းဆုံး ၁၀ ရက်အလိုမှာ Spanish National Securities Market Commission (CNMV) ကို အသိပေးအကြောင်းကြားထားရမှာ ဖြစ်ပါတယ်။ Subscriber ၁၀၀,၀၀၀ ကျော်ရှိတဲ့ နာမည်ကျော်ကြားသူအားလုံးဟာ ဒီဥပဒေနဲ့ အကျုံးဝင်ပါတယ်။

Cryptos to Buy: 7 Killer Crypto to Buy for January 2022 | InvestorPlace

Crypto ကြော်ငြာပေးသူတွေဟာ ကြော်ငြာမှာ ပါတဲ့ Content တွေကို CNMV ကို ချပြရမှာ ဖြစ်ပြီး သူတို့ ရောင်းချနေတဲ့ အရာတွေဟာ ဆုံးရှုံးနိုင်တဲ့ စွန့်စားမှုတွေရှိနေတယ်ဆိုတာကိုပါ အသိပေးကြော်ငြာဖို့ လိုအပ်ပါတယ်။

Top 10 Cryptocurrencies In January 2022 – Forbes Advisor

CNMV က Crypto ဟာ အန္တရာယ်ရှိတယ်ဆိုတာ အရင်ကလည်း လူမှုကွန်ရက်မှာ ဆော်ဩခဲ့ဖူးပါတယ်။ နိုဝင်ဘာလမှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမား Andres Iniesta ဟာ Cryptocurrency တွေလဲလှယ်ပေးတဲ့ Binance ကို ကြော်ငြာပေးခဲ့တဲ့ Tweet မှာ CNMV က “ Crypto ဟာ ဥပဒေနဲ့ ထိန်းချုပ်ထားတဲ့ ထုတ်ကုန် မဟုတ်တဲ့အတွက် စွန့်စားမှုတွေရှိပါတယ်။ “ လို့ တုန့်ပြန်ခဲ့ပါတယ်။

Cryptocurrency ကို လူမှုကွန်ရက်တွေမှာ ကြော်ငြာပေးနေတာနဲ့ ပတ်သက်ပြီး ပြဿနာ တချို့ ရှိနေပါတယ်။ Kim Kardashian နဲ့ Floyd Mayweather တို့ဟာ EthereumMax ကို ကြော်ငြာပေးခဲ့ပြီး ဝယ်ယူသူတွေလက်ထဲရောက်မှ တန်ဖိုးလုံးဝ မရှိတော့တဲ့ အခြေအနေ ဖြစ်သွားတဲ့အတွက် မကြာခင်ကပဲ တရားစွဲခံလိုက်ရပါတယ်။ CNMV ရဲ့ ဥပဒေ အသစ်တွေဟာ နာမည်ကျော်ကြားသူတွေ Crypto ကို ကြော်ငြာနေတာကို ရပ်တန့်သွားစေမှာ မဟုတ်ပေမယ့် အနီးကပ်လေ့လာစောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

Ref : theverge