Apple ဟာ ဒီနှစ်ထဲမှာ iPad အသစ်တွေကို ကြေညာခဲ့ပါတယ်။ အဲဒီထဲကမှ ဈေးအချိုဆုံးက ပြီးခဲ့တဲ့ လအနည်းငယ်က 2020 iPad Air နဲ့အတူ ချပြခဲ့တဲ့ 8th Gen iPad (2020) ဖြစ်ပါတယ်။ အခုတော့ အဲဒီ တက်ဘလက်ရဲ့ မျိုးဆက်သစ်ကို နောက်နှစ် စောစော ကြေညာမှာ ဖြစ်ပြီး အရင်မျိုးဆက်ထက်တောင် ဈေးချိုမယ်လို့ သတင်းထွက်လာပါတယ်။

8th Gen iPad ဟာ ၃၂၉ ဒေါ်လာက စပြီး ၄ သိန်း ၄ သောင်းလောက် တန်ကြေးရှိပါတယ်။ ၁၀.၂ လက်မ မျက်နှာပြင်နဲ့ Apple A12 Bionic Chipset ပါလာပါတယ်။ မျိုးဆက်သစ်မှာ ဒီထက် ပိုကြီးတဲ့ မျက်နှာပြင် ၊ ပိုလန်းတဲ့ Chipset ထည့်ထားမှာ ဖြစ်ပေမယ့် ဈေးကျတော့ ပိုချိုမယ်ဆိုတာက တော်တော် မိုက်ပါတယ်။

8th Gen iPad

iPad 2021 မှာ ၁၀.၅ လက်မ Retina မျက်နှာပြင်နဲ့ Touch ID ပါတဲ့ Home Button ပါလာမယ်လို့ Tron ဆိုသူ Leaker က ပြောပါတယ်။ အဲဒီအတွက် လက်ရှိ မော်ဒယ်လို မျက်နှာပြင်ဘေးဘောင်တွေ ထူမယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် သူကတော့ တက်ဘလက် အသစ်ဟာ ပိုပါးလွှာ ပေါ့ပါးမယ်လို့ ပြောပါတယ်။ iPhone 11 Series မှာလို A13 Bionic Chipset ပါလာမှာ ဖြစ်ပြီး 4GB AM ထည့်ထားမှာ ဖြစ်ပေမယ့် Storage Version တွေကို မသိရသေးပါဘူး။ 2020 မော်ဒယ်မှာ 3GB RAM  , 32GB/128GB Storage ပါလာတာပါ။

iPad အသစ်ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၂၉၉ ဒေါ်လာရှိမယ်လို့ သတင်းထွက်လာပြီး ၄ သိန်းလောက်ကျသင့်မှာပါ။ ဈေးချိုတဲ့အတွက် 32GB Storage ကစမယ်လို့ ထင်ရပါတယ်။ Apple Pencil (2nd Gen) , Apple Smart Keyboard နဲ့ Xbox, PS4 or PS5 Controller တွေ ထောက်ပံ့ထားနိုင်ပြီး LTE Version ထွက်လာနိုင်ပါတယ်။ နောက်နှစ် အစောပိုင်းမှာ iPad အသစ် ထွက်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

ref : gizmochina