Google က ဒီနှစ်ထဲမှာ Android TV Stick အသစ်ကို ကြေညာတော့မယ်လို့ ထင်ပါတယ်။ လျှို့ဝှက်နာမည်က Sabrina ဖြစ်ပြီး အရင်က အဲဒီ Stick ရဲ့ ဓါတ်ပုံ ထွက်ခဲ့ဖူးပါတယ်။ အခုတော့ Specs တွေ ထွက်ပေါ်လာပြီး 2GB RAM နဲ့ Amlogic S905X2 Chipset ပါလာမှာပါ။ Processor ကို 12nm Node နဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး 1.8GHz Cortex-A53 Cores  ၄ လုံးနဲ့ Arm Mali-G31 MP2 GPU ထည့်ထားမှာပါ။

Android TV Device နဲ့ Set-top Box များစွာ ထည့်သွင်းထားတဲ့ နာမည်ကြီး Chipset ဖြစ်ပါတယ်။ 4K Decoding (4Kp75) ထောက်ပံ့ပြီး HDMI 2.1 ကနေဆို 4Kp60 ထုတ်လွှင့်ပေးနိုင်ပါတယ်။ HDR10 , HLG နဲ့ Dolby Visioin တွေ ထောက်ပံ့ထားနိုင်ပါတယ်။

Sabrina မှာ Broadcom BCM43569 Bluetooth+Wi-Fi Chip လည်း ပါလာမှာ ဖြစ်ပြီး ALLM (Auto Low Latency Mode) လုပ်ဆောင်ချက် ထည့်ထားမှာပါ။ ALLM ဟာ TV မှာ Game Mode ကို အလိုလို On ပေးနိုင်ပြီး TV မှာ ဂိမ်း ကစားရင် Latency နည်းပါးစေပါတယ်။ Sabrina ဟာ Supported TV တွေမှာ Game Mode ကို အလိုလို On ပေးနိုင်မယ်လို့ ထင်ပါတယ်။ ဒီလုပ်ဆောင်ချက်ကြောင့် Sabrina မှာ Google ရဲ့ Game Streaming Service ဖြစ်တဲ့ Stadia ကို ထောက်ပံ့နိုင်ပါတယ်။

Sabrina မှာ Bluetooth Remote ပါလာနိုင်ပြီး Netflix နဲ့ YouTube အတွက် သီးခြား ခလုတ်တွေ ပါလာနိုင်ပါတယ်။

Ref : gizmochina