Valve က Steam မှာ NFTs or Cryptocurrency တွေကို ပိတ်ပင်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ မကြာခင်ကမှ Update လုပ်လိုက်တဲ့ Steam ရဲ့ Guidelines မှာ Blockchain နည်းပညာကို အသုံးပြုကာ NFTs or Cryptocurrency ကို အရောင်းအဝယ်ပြုလုပ်နေတဲ့ ဂိမ်းအားလုံးကို ပိတ်ပင်မယ်လို့ ဖြည့်စွက်ရေးသားထားပါတယ်။

Valve bans all games with NFTs and cryptocurrencies on Steam

အတိုချုပ်ပြောရရင် NFTs တွေဟာ ဒစ်ဂျစ်တယ် ပစ္စည်းတွေ ပိုင်ဆိုင်မှုကို သက်သေခံပေးတာ ဖြစ်ပြီး အဲဒီ သတင်းအချက်အလက်တွေကို Ledger Database မှာ မှတ်သားထားပါတယ်။ ဒစ်ဂျစ်တယ် ပစ္စည်းလို့ ဆိုရာမှာ jpg ဓါတ်ပုံ ဖိုင် ၊ သီချင်းနဲ့ တခြား ဒစ်ဂျစ်တယ် မီဒီယာတွေ ပါဝင်ပါတယ်။ NFTs တွေကို Bitcoin , Ethereum တို့လို Cryptocurrency တွေနဲ့ ဝယ်ယူနိုင်ပြီး အဲဒီ Cryptocurrency တွေကို အမေရိကန် ဒေါ်လာ သို့မဟုတ် တခြား ငွေကြေးတွေနဲ့ လဲလှယ်နိုင်ပါတယ်။

Steam Bans Games That Contain NFT And Cryptocurrency Features

Valve က NFTs or Cryptocurrency တွေပါတဲ့ ဂိမ်းတွေကို ပိတ်ပင်ရတဲ့ အကြောင်းအရင်းကို မပြောသေးပါဘူး။ Age of Rust ရဲ့ Developer ဖြစ်တဲ့ SpacePirate က အဲဒီအကြောင်းကို အနည်းငယ်ပြောပြထားပါတယ်။ Age of Rust ဟာ Items, Gear နဲ့ Missions တွေမှာ NFTs တွေကို ထည့်သွင်းထားပါတယ်။ SpacePirate က “ Valve က Age of Rust အပါအဝင် Blockchain အခြေပြု Projects အားလုံးကို Steam မှာ ပိတ်ပင်ဖြစ်ကြောင်း အသိပေးထားပါတယ်။ “ လို့ တွစ်တာမှာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ရေးသားထားပါတယ်။

SpacePirate က  Steam ဟာ  တကယ့် ငွေကြေးတန်ဖိုးရှိတဲ့ အရာတွေကို အရင်ကတည်းက ပိတ်ပင်ထားပြီး အခုလို NFTs နဲ့ Cryptocurrency တွေကို ပိတ်ပင်လိုက်တာက လက်ရှိ မူဝါဒကို တိုးမြှင့်လိုက်တာပါလို့ ပြောပါတယ်။

Ref : pcgamer