Subaru Forester ကားက လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံရဲ့ ရောင်းအားအကောင်းဆုံးသော ကားအမျိုးအစားတစ်ခုဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပြုလုပ်သွားတဲ့ New York International Auto Show မှာ အဆင့်မြင့်နည်းပညာတစ်ခုကိုမိတ်ဆက်သွားခဲ့ပါတယ်။

အဆိုပါ နည်းပညာကတော့ EyeSight လို့ခေါ်တဲ့ Driver-Assist နည်းပညာတစ်ခုဖြစ်ပြီးတော့ ကားမောင်းနေတဲ့အချိန်မှာ ယာဉ်မောင်းရဲ့ မျက်နှာကို စကင်ဖတ်နေမှာဖြစ်ပါတယ်။ အခုလိုမျိုး စကင်ဖတ်နေပြီးတော့ ကားမောင်းနှင်သူက ပင်ပန်းနေတာ၊ ဒါမှမဟုတ် စိတ်က အခြားနေရာကို အာရုံရောက်နေတာတွေကို သိရှိမှာဖြစ်တယ်လို့ သိရပါတယ်။

အခု Subaru ရဲ့ နည်းပညာက ယာဉ်မောင်း ၅ ယောက်အထိ မှတ်သားထားနိုင်ပြီးတော့ ယာဉ်မောင်းတစ်ဦးချင်းစီရဲ့ ထိုင်ခုံအနေအထားတွေ၊ လေအေးပေးစက် Setting တွေအကုန်လုံးကိုပါ မှတ်သားပေးထားမှာပါ။ ဒါ့အပြင် အခြားသော အဆင့်မြင့်နည်းပညာတွေဖြစ်တဲ့ ယာဉ်တိုက်မှုမဖြစ်ခင် ကြိုတင် ဘရိတ်အုပ်ပေးတဲ့နည်းပညာ၊ ယာဉ်လမ်းကြောင်းကနေ ဘေးရောက်သွားရင် သတိပေးတဲ့နည်းပညာတွေပါ ပါဝင်လာမှာဖြစ်ပါတယ်။

အခုလိုမျိုး Subaru ကတော့ အကောင်းဆုံးသော နည်းပညာတွေကို သူ့ရဲ့ကားတွေမှာ စတင်ထည့်သွင်းလာပါပြီ။