OPPO ရဲ့ 65W SuperVOOC 2.0 Fast Charging နည်းပညာဟာ လက်ရှိစမတ်ဖုန်းတွေထဲမှာ အမြန်ဆုံး Charging စနစ်တစ်ခုလို့တောင် ပြောလို့ရပါတယ်။ အစောပိုင်းတုန်းက အဆိုပါ 65W SuperVOOC 2.0 Charging စနစ်ကို Reno Ace Series ဖုန်းတွေမှာပဲ ထည့်သွင်းပေးခဲ့ပေမယ့် အခုဆိုရင် OPPO Reno 4 Series ဖုန်းတွေမှာပါ ပါဝင်လာပြီဖြစ်ပါတယ်။

အခုလည်း OPPO ကနေ လာမယ့်နှစ်မှာ လက်ရှိ 65W SuperVOOC 2.0 ထက်ပိုပြီး မြန်ဆန်တဲ့ Fast Charging စနစ်ကို ယူဆောင်လာမယ်လို့ သိရပါတယ်။ အဆိုပါ သတင်းကိုတော့ Chinese Blogger တစ်ဦးဖြစ်တဲ့ Really Assen ကနေ Weibo စာမျက်နှာမှာဖော်ပြသွားခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး SuperVOOC 3.0 ဟာ 80W နဲ့အားသွင်းမှာဖြစ်တဲ့အတွက် လက်ရှိ 64W Charging ထက် ၁၈.၇၅ ရာခိုင်နှုန်းပိုပြီး မြန်ဆန်မှာဖြစ်ပါတယ်။ လောလောဆယ်မှာ OPPO ရဲ့ 65W SuperVOOC 2.0 Charging စနစ်ဟာ 10V 6.5A နဲ့အားသွင်းတာဖြစ်တဲ့အတွက် SuperVOOC 3.0 ဟာ Voltage ပိုများတဲ့ 20V 4A Charging စနစ်နဲ့ Total Power Output ကို 80W အထိရရှိလာမယ်လို့ ခန့်မှန်းရပါတယ်။

ဒါပေမယ့်လည်း လောလောဆယ်အထိကတော့ 65W Fast Charging စနစ်ကပဲ အမြန်ဆုံးဖြစ်နေဦးမှာဖြစ်ပြီး တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေက ပိုမြန်တဲ့ Charging စနစ်ကို ပြသသွားနိုင်ဦးမလားဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Ref – Gizmo China