[Zawgyi]

TCL ကို Display နဲ႔ TV ထုတ္လုပ္သူ အျဖစ္ လူသိမ်ားၾကပါတယ္။ ဒါေပမယ့္ TCL က Alcatel , BlackBerry နဲ႔ Palm လက္ေအာက္ကေန ဖုန္းေတြလည္း ထုတ္လုပ္ပါတယ္။ အခုလည္း TCL က Foldable Phone ေစ်းကြက္ကို ၀င္ေရာက္ေတာ့မွာျဖစ္ၿပီး Tri-fold Phone Prototype ကို ျပသလိုက္ပါတယ္။ Foldable Phone ေတြရဲ႕ ဒီဇိုင္းေတြက လန္းသထက္လန္းလာပါၿပီ။

CNET ရဲ႕ Jessica Dolcourt က TCL ရဲ႕ အဲဒီ ဖုန္းကို ေလ့လာခြင့္ရခဲ့ပါတယ္။  ၃ ေခါက္ ေခါက္ခ်ိဳးႏိုင္ၿပီး ျဖန္႔လိုက္ရင္ ၁၀ လက္မ Tablet လို အသံုးျပဳႏုိင္ပါတယ္။ ၁ ဖက္က အတြင္းဘက္နဲ႔ ၁ ဖက္က အျပင္ဘက္ကို ေခါက္ခ်ိဳးရတာ ျဖစ္ပါတယ္။ ကုမၸဏီက အဲဒီ ဖုန္းကို တီထြင္ေနတုန္း ျဖစ္ပါတယ္။

၂ ထပ္ေခါက္ခ်ိဳးရတဲ့အတြက္ ေခါက္ခ်ိဳးၿပီး ဖုန္းလို သံုးရင္ေတာ့ အေတာ္ကို ထူပါတယ္။ ဖုန္းလို ေခါက္ခ်ိဳးသံုးရင္ မ်က္ႏွာျပင္ အရွည္ ဒီဇိုင္း ျဖစ္ၿပီး အေနာက္ဘက္မွာ ကင္မရာ ၄ လံုး တပ္ဆင္ထားပါတယ္။ Dolcourt က Tri-fold Design ဟာ Screen ၁ ဖက္ကို ကီးဘုတ္လို အသံုးျပဳႏိုင္ၿပီး တျခား ၂ ဖက္ကို အရြယ္ႀကီး Display အျဖစ္ အသံုးျပဳႏုိင္မယ္လို႔ ေျပာပါတယ္။

Dolcourt ကိုင္ခြင့္ရခဲ့တဲ့ ဖုန္းဟာ နမူနာေမာ္ဒယ္ အဆင့္ပဲရွိေသးၿပီး Working Model ေတာ့ မဟုတ္ေသးပါဘူး။ အဲဒီ ဖုန္းရဲ႕ Specs ၊ ေစ်းႏႈန္းနဲ႔ ေရာင္းခ်မယ့္ အခ်ိန္ေတြကို မသိရေသးပါဘူး။ ကုမၸဏီက Flexible OLED Display နဲ႔ Hinge ၁ ခုပဲ ပါတဲ့ Foldable Phone Concepts ကို အရင္က ျပသခဲ့ဖူးပါတယ္။

Ref : tnw

[Unicode]

TCL က Tablet လိုပါ သုံးနိုင်မယ့် Tri-fold Phone Prototype ကို ပြသ

TCL ကို Display နဲ့ TV ထုတ်လုပ်သူ အဖြစ် လူသိများကြပါတယ်။ ဒါပေမယ့် TCL က Alcatel , BlackBerry နဲ့ Palm လက်အောက်ကနေ ဖုန်းတွေလည်း ထုတ်လုပ်ပါတယ်။ အခုလည်း TCL က Foldable Phone ဈေးကွက်ကို ဝင်ရောက်တော့မှာဖြစ်ပြီး Tri-fold Phone Prototype ကို ပြသလိုက်ပါတယ်။ Foldable Phone တွေရဲ့ ဒီဇိုင်းတွေက လန်းသထက်လန်းလာပါပြီ။

CNET ရဲ့ Jessica Dolcourt က TCL ရဲ့ အဲဒီ ဖုန်းကို လေ့လာခွင့်ရခဲ့ပါတယ်။ ၃ ခေါက် ခေါက်ချိုးနိုင်ပြီး ဖြန့်လိုက်ရင် ၁၀ လက်မ Tablet လို အသုံးပြုနိုင်ပါတယ်။ ၁ ဖက်က အတွင်းဘက်နဲ့ ၁ ဖက်က အပြင်ဘက်ကို ခေါက်ချိုးရတာ ဖြစ်ပါတယ်။ ကုမ္ပဏီက အဲဒီ ဖုန်းကို တီထွင်နေတုန်း ဖြစ်ပါတယ်။

၂ ထပ်ခေါက်ချိုးရတဲ့အတွက် ခေါက်ချိုးပြီး ဖုန်းလို သုံးရင်တော့ အတော်ကို ထူပါတယ်။ ဖုန်းလို ခေါက်ချိုးသုံးရင် မျက်နှာပြင် အရှည် ဒီဇိုင်း ဖြစ်ပြီး အနောက်ဘက်မှာ ကင်မရာ ၄ လုံး တပ်ဆင်ထားပါတယ်။ Dolcourt က Tri-fold Design ဟာ Screen ၁ ဖက်ကို ကီးဘုတ်လို အသုံးပြုနိုင်ပြီး တခြား ၂ ဖက်ကို အရွယ်ကြီး Display အဖြစ် အသုံးပြုနိုင်မယ်လို့ ပြောပါတယ်။

Dolcourt ကိုင်ခွင့်ရခဲ့တဲ့ ဖုန်းဟာ နမူနာမော်ဒယ် အဆင့်ပဲရှိသေးပြီး Working Model တော့ မဟုတ်သေးပါဘူး။ အဲဒီ ဖုန်းရဲ့ Specs ၊ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်တွေကို မသိရသေးပါဘူး။ ကုမ္ပဏီက Flexible OLED Display နဲ့ Hinge ၁ ခုပဲ ပါတဲ့ Foldable Phone Concepts ကို အရင်က ပြသခဲ့ဖူးပါတယ်။

Ref : tnw