Tecno က Pova 4 ကို ကြေညာလိုက်ပြီး အရင်နှစ်ထုတ် Pova 3 ရဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။ Tecno Pova 4 မှာ ၆.၈၂ လက်မ HD+ မျက်နှာပြင် တပ်ဆင်ထားပြီး အရွယ်သေး Notch ပါလာကာ 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။

Tecno Pova 4 comes with 6,000 mAh battery, Pova 4 Pro adds 45W charging - GSMArena.com news

အနောက်ဘက်ဟာ အရောင်ပြောင်း ဒီဇိုင်း ဖြစ်ပြီး ကင်မရာ ၃ လုံးနဲ့ LED Flash ၁ လုံး တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main , Secondary Lens နဲ့ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာတွေ ထည့်သွင်းထားပါတယ်။ ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

Tecno Pova 4 comes with 6,000 mAh battery, Pova 4 Pro adds 45W charging - GSMArena.com news

Tecno Pova 4 မှာ 6nm Process ကို အခြေခံထားတဲ့  MediaTek Helio G99 Processor မောင်းနှင်ထားပြီး 8GB RAM နဲ့ 5GB Virtual RAM Support ပါလာပါတယ်။  128GB Internal Storage ထည့်သွင်းထားပြီး microSD Card Slot ပါလာပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ အကောင်းဆုံး အစိတ်အပိုင်းက 6,000mAh ဘက်ထရီ ဖြစ်ပြီး 18W Fast Charging ပါလာပါတယ်။ ဆော့ဖ်ဝဲ အကြောင်းပြောရရင် Android 12 OS မောင်းနှင်ထားပါတယ်။

Tecno Pova 4 အတွက် Uranolith Grey နဲ့ Fluorite Blue အရောင် ၂ ရောင် ထုတ်လုပ်ထားပြီး ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန် သတင်းအချက်အလက်တွေကို ကုမ္ပဏီက မပြောသေးပါဘူး။

Ref : gizmochina