Telegram က လုပ်ဆောင်ချက် အသစ်တွေပါတဲ့ Update ၁ ခုကို ဖြန့်ချိပေးလိုက်ပါတယ်။ Chat Theme တွေကို သတ်မှတ်လို့ရလာပြီ ဖြစ်ပြီး Theme ၈ ခုထဲက ရွေးချယ်နိုင်ပါတယ်။ Chat Theme ၁ ခု ရွေးချယ်လိုက်ရင် User ၂ ယောက်စလုံးအတွက် Apply လုပ်ပေးမှာ ဖြစ်ပါတယ်။ Theme Gradient Message Bubble မှာ Animated Background ထောက်ပံ့ပေးထားပြီး Background Pattern တွေ ထည့်သွင်းပေးထားပါတယ်။ Theme ၁ ခုချင်းစီအတွက် Day & Night Mode တွေ ပါလာပါတယ်။

Telegram update adds chat themes, interactive emoji, and read receipts in groups

Update မှာ Interactive Emoji တွေ ထည့်သွင်းထားပြီး သင်က Chat မှာ Animated Emoji ၁ ခုကို ပေးပို့တဲ့အခါမှာ Full Screen Animation အနေနဲ့ ကြည့်ရှုနိုင်ပါတယ်။ အဲဒါကို Chat ထဲမှာ ပါတဲ့ လူတိုင်း ကြည့်ရှုနိုင်ပြီး Animation တွေကို Vibration နဲ့ ပြသပေးတာ ဖြစ်ပါတယ်။

Telegram update adds chat themes, interactive emoji, and read receipts in groups

Group မှာ Read Receipt တွေကို ပြသပေးလာနိုင်ပါတယ်။ Small Group ထဲက သင်ပေးပို့လိုက်တဲ့ Message ကို ရွေးချယ်ပြီး အဲဒီ Message ကို ကြည့်ပြီးတဲ့ လူတွေကို သိနိုင်ပြီ ဖြစ်ပါတယ်။ Telegram က Message ပေးပို့ပြီး ၇ ရက်ကြာအထိ အဲဒီ Record ကို သိမ်းပေးထားမယ်လို့ ပြောပါတယ်။

Telegram update adds chat themes, interactive emoji, and read receipts in groups

Group Admin တွေဟာ Live Stream တွေကို Record လုပ်နိုင်ပြီ ဖြစ်ပါတယ်။ Live Stream ၁ ခု ထုတ်လွှင့်တဲ့အခါမှာ Admin တွေက Record လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပြီ ဖြစ်ပြီး Live Stream ၁ ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို သိမ်းထားနိုင်ပါတယ်။ Live Stream ပြီးတဲ့အခါမှာ အဲဒါကို ပြန်လည်ပြသနိုင်ပါတယ်။ အဲဒီ Update ကို Telegram ပလက်ဖောင်း အားလုံးမှာ ဖြန့်ချိပေးလိုက်ပါပြီ။

Telegram update adds chat themes, interactive emoji, and read receipts in groups

Ref : gsmarena