ကျွမ်းကျင်သူတွေက Tesla ဟာ လျှပ်စစ်ကားတွေမှာ ChatGPT ကို အနာဂတ်မှာ ထည့်သွင်းဖို့ OpenAI နဲ့ ပူးပေါင်းလာနိုင်တယ်လို့ ပြောပါတယ်။ Tesla တည်ထောင်သူနဲ့ CEO ဖြစ်သူ Elon Musk ဟာ ChatGPT Bot ကို ဖန်တီးထားတဲ့ အမေရိကန် AI Startup OpenAI ရဲ့ တည်ထောင်သူနဲ့ ငွေကြေးထောက်ပံ့သူ ဖြစ်ပါတယ်။

chatgpt

၂၀၁၅ ခုနှစ်မှာ Elon Musk နဲ့ Sam Altman, Redi Hoffman, Peter Thiel တို့လို စွန့်ဦးတီထွင်လုပ်ငန်းရှင်နဲ့ ရင်းနှီးမြှပ်နှံသူတွေဟာ ဆန်ဖရန်စစ္စကိုမှာ OpenAI ကို တည်ထောင်ခဲ့ကြပါတယ်။ တည်ထောင်သူတွေဟာ လူသားတွေကို အကျိုးပြုမယ့် အဆင့်မြင့် AI ကို ဖန်တီးဖို့အတွက် OpenAI မှာ ဒေါ်လာ ၁ ဘီလီယမ် ရင်းနှီးမြှပ်နှံခဲ့ပါတယ်။

Elon Musk, co-founder of ChatGPT creator OpenAI, warns of AI society risk

၂၀၁၈ ခုနှစ်မှာ တည်ထောင်သူတွေအကြား သဘောထားကွဲလွဲမှုကြောင့် Musk ဟာ OpenAI ရဲ့ ဘုတ်အဖွဲ့က နှုတ်ထွက်ခဲ့ပေမယ့် ငွေကြေး ဆက်လက်ထောက်ပံ့ပေးခဲ့ပြီး ကုမ္ပဏီမှာ ဩဇာရှိနေတုန်းဖြစ်ပါတယ်။

နည်းပညာ လေ့လာဆန်းစစ်သူတွေက Tesla ဟာ လျှပ်စစ်ကားတွေမှာ ChatGPT ကို ထည့်သွင်းလာနိုင်တဲ့ အခွင့်အလမ်း အများကြီး ရှိတယ်လို့ သုံးသပ်ကြပါတယ်။

ChatGPT (Chat Generative Pre-trained Transformer) ဟာ လူ့သမိုင်းမှာ နာမည်အကြီးဆုံးနဲ့ အမြန်ဆုံး တိုးတက်လာတဲ့ App ဖြစ်ပြီး အဆင့်မြင့် Chatbot လို့ ပြောနိုင်ပါတယ်။ လူသားတွေလို စကားပြောနိုင်အောင် ဖန်တီးထားတာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ စတင် မိတ်ဆက်ပြီးနောက် ChatGPT ဟာ AI နဲ့ နည်းပညာ လောကအတွက် တကယ့် အပြောင်းအလဲ ဖြစ်စေခဲ့ပါတယ်။

Ref : gizmochina