Tesla ဟာ အကောင်းဆုံး လျှပ်စစ်ကား အားသွင်းစက် ကွန်ရက်ကို တည်ဆောက်ထားပေမယ့် လျှပ်စစ်ကားတွေ များပြားလာတဲ့အတွက် မလုံလောက်တော့ပါဘူး။ အဲဒီအတွက် Tesla က ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကား အားသွင်းတဲ့ Station ကို တည်ဆောက်တော့မှာ ဖြစ်ပါတယ်။

Tesla ဟာ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် Kern County မှာ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကား အားသွင်းတဲ့ Station ကို တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ Station တည်ဆောက်ဖို့ ပါမစ် လျှောက်လွှာအရ အဲဒီ Station မှာ အားသွင်းစက် ၁၆၀ ကျော် တပ်ဆင်ထားမှာ ဖြစ်ပြီး ကမ္ဘာမှာ အကြီးဆုံး လျှပ်စစ်ကား အားသွင်းတဲ့ Station ဖြစ်လာမှာပါ။

အဲဒီ Station မှာ တွဲကားတွေကို ဆွဲလာတဲ့ လျှပ်စစ်ကားတွေကိုပါ အားသွင်းလို့ အဆင်ပြေအောင် တည်ဆောက်ထားပါတယ်။ Tesla Cybertruck နဲ့ တခြား လျှပ်စစ်ကားတွေဟာ တွဲကားကို ဖြုတ်စရာ မလိုဘဲ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

Tesla ရဲ့ ကမ္ဘာ့ အကြီးဆုံး လျှပ်စစ်ကား အားသွင်းတဲ့ Station ကို ဘယ်အချိန်မှာ အသုံးပြုနိုင်မလဲဆိုတာ မသိရသေးပေမယ့် တောင်ပိုင်းနဲ့ မြောက်ပိုင်း ကယ်လီဖိုးနီးယား အကြား သွားလာတဲ့ လျှပ်စစ်ကားတွေအတွက် အလွန် အသုံးဝင်လာမှာ ဖြစ်ပါတယ်။

Ref : electrek