[Unicode]

တရုတ် အစိုးရက ကိုရိုနာဗိုင်းရက်စ်ကြောင့် ရှန်ဟိုင်းက စက်ရုံကို ပိတ်ဖို့ ညွှန်ကြားထားတယ်လို့ Tesla က ပြောပါတယ်။ အဲဒီအတွက် ရှန်ဟိုင်းက စက်ရုံမှာ Tesla ရဲ့ Model 3 ကားတွေ ထုတ်လုပ်မှု နှောင့်နှေးတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီက ရင်းနှီးမြှပ်နှံသူတွေကို ဒီသတင်း အကြောင်းကြားထားပြီးပါပြီ။ Model 3 ထုတ်လုပ်မှုဟာ ၁ ပတ်ခွဲလောက် နောက်ကျသွားနိုင်ပြီး ၂၀၂၀ ခုနှစ် ပထမ ကွာတား ဖြစ်တဲ့ ဇန်နဝါရီလကနေ မတ်လအတွင်း ကုမ္ပဏီရဲ့ အမြတ်ငွေကို အနည်းငယ်ထိခိုက်နိုင်တယ်လို့ Tesla ရဲ့ ငွေကြေးဆိုင်ရာ အရာရှိ Zach Kirkhorn က ပြောပါတယ်။

Tesla ဟာ ၂၀၁၉ ခုနှစ်အကုန်မှာ ရှန်ဟိုင်း စက်ရုံကနေ ပထမဆုံး အနေနဲ့ ကားတွေ စတင် ထုတ်လုပ်ခဲ့ပါတယ်။ ကမ္ဘာ့ အကြီးမားဆုံး အီလက်ထရစ် ကားဈေးကွက်ဖြစ်တဲ့ တရုတ်မှာ စက်ရုံ တည်ဆောက်ခြင်းဖြင့် ကုမ္ပဏီအတွက် အကျိုးအမြတ်များစွာ ရစေမယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေး စစ်ပွဲမှာ Tesla ဟာ ကြား မညပ်တော့ပါဘူး။ ရှန်ဟိုင်း က စက်ရုံဟာ တရုတ်မှာ ပထမဆုံး တည်ဆောက်တဲ့ နိုင်ငံခြား ကားစက်ရုံ ဖြစ်ပါတယ်။

အခုတော့ ကိုရိုနာဗိုင်းရက်စ်က Tesla ရဲ့ ရည်မှန်းချက်တွေကို ကျိုးပျက်သွားစေခဲ့ပါပြီ။ ဒီဇင်ဘာလက စပြီး ဝူဟန်မှာ အဲဒီ ဗိုင်းရက်စ် စတင် ကူးစက်ခဲ့တာ ဖြစ်ပြီး နိုင်ငံ ၁၀ နိုင်ငံကျော်က လူပေါင်း ထောင်နဲ့ချီ ကူးစက်ခံထားရပါတယ်။ တရုတ် အစိုးရက ဝူဟန်မှာ ရှိတဲ့ ကုမ္ပဏီတွေ အားလုံးကို လုပ်ငန်း ရပ်နားထားဖို့ ညွှန်ကြားထားပါတယ်။

ကိုရိုနာ ဗိုင်းရက်စ်ကြောင့် လုပ်ငန်းရပ်နားရတာ Tesla ကုမ္ပဏီ ၁ ခုထဲ မဟုတ်ပါဘူး။ Google ကလည်း တရုတ်က ရုံးအားလုံးကို ယာယီ ပိတ်ထားလိုက်ပြီး Apple နဲ့ Facebook ကတော့ ဒီ ၁ ပတ်ထဲမှာ သူ့ဝန်ထမ်းတွေ တရုတ်ကို မသွားဖို့ တားမြစ်ထားပါတယ်။

Ref : theverge

[Zawgyi]

ကို႐ိုနာဗိုင္းရက္စ္ေၾကာင့္ ရွန္ဟိုင္းက စက္႐ုံကို ပိတ္ေတာ့မယ့္ Tesla

တ႐ုတ္ အစိုးရက ကို႐ိုနာဗိုင္းရက္စ္ေၾကာင့္ ရွန္ဟိုင္းက စက္႐ုံကို ပိတ္ဖို႔ ၫႊန္ၾကားထားတယ္လို႔ Tesla က ေျပာပါတယ္။ အဲဒီအတြက္ ရွန္ဟိုင္းက စက္႐ုံမွာ Tesla ရဲ႕ Model 3 ကားေတြ ထုတ္လုပ္မႈ ေႏွာင့္ေႏွးေတာ့မွာ ျဖစ္ပါတယ္။ ကုမၸဏီက ရင္းႏွီးျမႇပ္ႏွံသူေတြကို ဒီသတင္း အေၾကာင္းၾကားထားၿပီးပါၿပီ။ Model 3 ထုတ္လုပ္မႈဟာ ၁ ပတ္ခြဲေလာက္ ေနာက္က်သြားႏိုင္ၿပီး ၂၀၂၀ ခုႏွစ္ ပထမ ကြာတား ျဖစ္တဲ့ ဇန္နဝါရီလကေန မတ္လအတြင္း ကုမၸဏီရဲ႕ အျမတ္ေငြကို အနည္းငယ္ထိခိုက္ႏိုင္တယ္လို႔ Tesla ရဲ႕ ေငြေၾကးဆိုင္ရာ အရာရွိ Zach Kirkhorn က ေျပာပါတယ္။

Tesla ဟာ ၂၀၁၉ ခုႏွစ္အကုန္မွာ ရွန္ဟိုင္း စက္႐ုံကေန ပထမဆုံး အေနနဲ႔ ကားေတြ စတင္ ထုတ္လုပ္ခဲ့ပါတယ္။ ကမာၻ႔ အႀကီးမားဆုံး အီလက္ထရစ္ ကားေဈးကြက္ျဖစ္တဲ့ တ႐ုတ္မွာ စက္႐ုံ တည္ေဆာက္ျခင္းျဖင့္ ကုမၸဏီအတြက္ အက်ိဳးအျမတ္မ်ားစြာ ရေစမယ္လို႔ ထင္ခဲ့ၾကပါတယ္။ ဒါ့အျပင္ အေမရိကန္နဲ႔ တ႐ုတ္ ကုန္သြယ္ေရး စစ္ပြဲမွာ Tesla ဟာ ၾကား မညပ္ေတာ့ပါဘူး။ ရွန္ဟိုင္း က စက္႐ုံဟာ တ႐ုတ္မွာ ပထမဆုံး တည္ေဆာက္တဲ့ ႏိုင္ငံျခား ကားစက္႐ုံ ျဖစ္ပါတယ္။

အခုေတာ့ ကို႐ိုနာဗိုင္းရက္စ္က Tesla ရဲ႕ ရည္မွန္းခ်က္ေတြကို က်ိဳးပ်က္သြားေစခဲ့ပါၿပီ။ ဒီဇင္ဘာလက စၿပီး ဝူဟန္မွာ အဲဒီ ဗိုင္းရက္စ္ စတင္ ကူးစက္ခဲ့တာ ျဖစ္ၿပီး ႏိုင္ငံ ၁၀ ႏိုင္ငံေက်ာ္က လူေပါင္း ရာနဲ႔ခ်ီ ကူးစက္ခံထားရပါတယ္။ တ႐ုတ္ အစိုးရက ဝူဟန္မွာ ရွိတဲ့ ကုမၸဏီေတြ အားလုံးကို လုပ္ငန္း ရပ္နားထားဖို႔ ၫႊန္ၾကားထားပါတယ္။

ကို႐ိုနာ ဗိုင္းရက္စ္ေၾကာင့္ လုပ္ငန္းရပ္နားရတာ Tesla ကုမၸဏီ ၁ ခုထဲ မဟုတ္ပါဘူး။ Google ကလည္း တ႐ုတ္က ႐ုံးအားလုံးကို ယာယီ ပိတ္ထားလိုက္ၿပီး Apple နဲ႔ Facebook ကေတာ့ ဒီ ၁ ပတ္ထဲမွာ သူ႔ဝန္ထမ္းေတြ တ႐ုတ္ကို မသြားဖို႔ တားျမစ္ထားပါတယ္။

Ref : theverge