[Unicode]

Tesla ကားမော်ဒယ်များစွာမှာ ရုတ်တရက် အရှိန်မြင့်သွားတဲ့ ပြဿနာရှိကြောင်း NHTSA (National Highway Traffic Safety Administration) မှာ တိုင်ကြားထားတာတွေကို Tesla က တုန့်ပြန်လိုက်ပါတယ်။ Tesla က အဲဒီ စွပ်စွဲချက်တွေဟာ လုံးဝ မှားယွင်းတယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ကုမ္ပဏီက တိုင်ကြားထားသူဟာ စတော့ရှယ်ယာ ဈေးကစားသူ ဖြစ်ပြီး  ကိုယ်ကျိုးစီးပွားအတွက်  အခုလို ပြုလုပ်တာလို့ ပြောပါတယ်။ CNBC က အဲဒီ တိုင်ကြားသူဟာ Tesla ရဲ့ စတော့ရှယ်ယာတွေကို ကိုင်ထားတဲ့ ရင်းနှီးမြှပ်နှံသူ Brian Sparks ဖြစ်တယ်လို့ သတင်းပေးထားပါတယ်။

Tesla က “ ရုတ်တရက် အရှိန်မြင့်သွားတယ်ဆိုတဲ့ တိုင်ကြားမှုတိုင်းကို စုံစမ်းစစ်ဆေးခဲ့ပြီး ဖြစ်ရပ်တိုင်းမှာ ကားရဲ့ ဒေတာတွေကို စစ်ဆေးကြည့်တဲ့အခါမှာ ကားဟာ ခိုင်းစေတဲ့ အတိုင်း အလုပ်လုပ်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။ အလိုလို အရှိန်မြင့်သွားတာ မဟုတ်ဘဲ ယာဉ်မောင်း လုပ်လို့ ဖြစ်သွားတာပါ။ “ လို့ ပြောပါတယ်။

Tesla ဟာ  NHTSA နဲ့ NTSB အပါအဝင် အစိုးရ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့  အငြင်းပွားဖွယ်ရာ ဆက်ဆံရေးတွေ ရှိနေခဲ့တာ နှစ်များစွာ ရှိပါပြီ။ အခု ဖြစ်ရပ်မှာတော့ Tesla က “ NHTSA ကို ရှင်းလင်းစွာ တင်ပြပြီးပါပြီ။ အလိုလို အရှိန်မြင့်သွားတယ်ဆိုတဲ့ စားသုံးသူတွေရဲ့ ဖြစ်ရပ်တွေကို ပုံမှန် စစ်ဆေးပေးနေပါတယ်။ တိုင်ကြားမှုမှာ ပါတဲ့ လူအများစုနဲ့ ပတ်သက်တာတွေကို အာဏာပိုင်တွေနဲ့ ဆွေးနွေးပြီးပြီဖြစ်ပြီး ဒေတာတွေအရ ကားဟာ အလုပ်ကောင်းကောင်းလုပ်နေပါတယ်။ “ လို့ ပြောပါတယ်။

Tesla CEO Elon Musk က ဈေးကစားသူတွေနဲ့ ပတ်သက်ပြီး ဟိုးအရင်ကတည်းက ဖြေရှင်းလာခဲ့တာပါ။ သူက အဲဒီ လူတွေကို ရေနံ ကုမ္ပဏီတွေက ငွေကြေးထောက်ပံ့ထားပြီး သူတို့ဟာ Tesla အကြောင်း မဟုတ်မမှန် သတင်းတွေကို ဖြန့်ချိနေတာပါလို့ ပြောထားဖူးပါတယ်။ NHTSA က တိုင်ကြားမှုကို လုပ်ထုံးလုပ်နည်းအတိုင်း စစ်ဆေးမယ်လို့ ပြောပါတယ်။

Ref : theverge

[Zawgyi]

Tesla က ကားေတြ ႐ုတ္တရက္ အရွိန္ျမင့္သြားတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြ မမွန္ကန္ေၾကာင္း ျငင္းဆို

Tesla ကားေမာ္ဒယ္မ်ားစြာမွာ ႐ုတ္တရက္ အရွိန္ျမင့္သြားတဲ့ ျပႆနာရွိေၾကာင္း NHTSA (National Highway Traffic Safety Administration) မွာ တိုင္ၾကားထားတာေတြကို Tesla က တုန႔္ျပန္လိုက္ပါတယ္။ Tesla က အဲဒီ စြပ္စြဲခ်က္ေတြဟာ လုံးဝ မွားယြင္းတယ္လို႔ ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ ကုမၸဏီက တိုင္ၾကားထားသူဟာ စေတာ့ရွယ္ယာ ေဈးကစားသူ ျဖစ္ၿပီး ကိုယ္က်ိဳးစီးပြားအတြက္ အခုလို ျပဳလုပ္တာလို႔ ေျပာပါတယ္။ CNBC က အဲဒီ တိုင္ၾကားသူဟာ Tesla ရဲ႕ စေတာ့ရွယ္ယာေတြကို ကိုင္ထားတဲ့ ရင္းႏွီးျမႇပ္ႏွံသူ Brian Sparks ျဖစ္တယ္လို႔ သတင္းေပးထားပါတယ္။

Tesla က “ ႐ုတ္တရက္ အရွိန္ျမင့္သြားတယ္ဆိုတဲ့ တိုင္ၾကားမႈတိုင္းကို စုံစမ္းစစ္ေဆးခဲ့ၿပီး ျဖစ္ရပ္တိုင္းမွာ ကားရဲ႕ ေဒတာေတြကို စစ္ေဆးၾကည့္တဲ့အခါမွာ ကားဟာ ခိုင္းေစတဲ့ အတိုင္း အလုပ္လုပ္တာကို အတည္ျပဳႏိုင္ခဲ့ပါတယ္။ အလိုလို အရွိန္ျမင့္သြားတာ မဟုတ္ဘဲ ယာဥ္ေမာင္း လုပ္လို႔ ျဖစ္သြားတာပါ။ “ လို႔ ေျပာပါတယ္။

Tesla ဟာ NHTSA နဲ႔ NTSB အပါအဝင္ အစိုးရ အာဏာပိုင္ အဖြဲ႕အစည္းေတြနဲ႔ အျငင္းပြားဖြယ္ရာ ဆက္ဆံေရးေတြ ရွိေနခဲ့တာ ႏွစ္မ်ားစြာ ရွိပါၿပီ။ အခု ျဖစ္ရပ္မွာေတာ့ Tesla က “ NHTSA ကို ရွင္းလင္းစြာ တင္ျပၿပီးပါၿပီ။ အလိုလို အရွိန္ျမင့္သြားတယ္ဆိုတဲ့ စားသုံးသူေတြရဲ႕ ျဖစ္ရပ္ေတြကို ပုံမွန္ စစ္ေဆးေပးေနပါတယ္။ တိုင္ၾကားမႈမွာ ပါတဲ့ လူအမ်ားစုနဲ႔ ပတ္သက္တာေတြကို အာဏာပိုင္ေတြနဲ႔ ေဆြးေႏြးၿပီးၿပီျဖစ္ၿပီး ေဒတာေတြအရ ကားဟာ အလုပ္ေကာင္းေကာင္းလုပ္ေနပါတယ္။ “ လို႔ ေျပာပါတယ္။

Tesla CEO Elon Musk က ေဈးကစားသူေတြနဲ႔ ပတ္သက္ၿပီး ဟိုးအရင္ကတည္းက ေျဖရွင္းလာခဲ့တာပါ။ သူက အဲဒီ လူေတြကို ေရနံ ကုမၸဏီေတြက ေငြေၾကးေထာက္ပံ့ထားၿပီး သူတို႔ဟာ Tesla အေၾကာင္း မဟုတ္မမွန္ သတင္းေတြကို ျဖန႔္ခ်ိေနတာပါလို႔ ေျပာထားဖူးပါတယ္။ NHTSA က တိုင္ၾကားမႈကို လုပ္ထုံးလုပ္နည္းအတိုင္း စစ္ေဆးမယ္လို႔ ေျပာပါတယ္။

Ref : theverge