Tesla China က လျှပ်စစ်ကား နည်းပညာတွေ ခိုးယူမှုကြောင့် တရုတ် ကုမ္ပဏီ Bingling Intelligent Technology ကို တရားစွဲလိုက်ပါတယ်။ အဲဒီ တရုတ် ကုမ္ပဏီကို Xiaomi က ပိုင်ဆိုင်တာကြောင့် Tesla နဲ့ Xiaomi တို့ ထိပ်တိုက်တွေ့ကြတော့မှာပါ။

Tesla's lower prices lead to record global deliveries

Tesla က Shanghai Intellectual Property Court မှာ တရားစွဲထားတာ ဖြစ်ပြီး အောက်တိုဘာလ ၁၀ ရက်‌နေ့မှာ အမှုကို စတင် စစ်ဆေးမှာပါ။ Bingling Intelligent Technology ဟာ Changzhou အခြေစိုက် ကားအစိတ်အပိုင်းနဲ့ Chip ဒီဇိုင်း ထုတ်လုပ်သူ ဖြစ်ပြီး အများစုကို Xiaomi က ပိုင်ဆိုင်တာပါ။

Tesla က Bingling Intelligent Technology ဟာ ကား ဆန်ဆာနဲ့ အစိတ်အပိုင်းတွေ ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ နည်းပညာတွေကို ခိုးယူထားတယ်လို့ စွပ်စွဲထားပါတယ်။

Tesla က နစ်နာကြေး တောင်းဆိုထားပြီး ကုမ္ပဏီရဲ့ နည်းပညာတွေကို အသုံးမပြုဖို့ သတိပေးထားပါတယ်။ Xiaomi ဟာ လျှပ်စစ်ကား ထုတ်လုပ်နေတဲ့အတွက် Tesla ရဲ့ နည်းပညာတွေဟာ Xiaomi ရဲ့ ကားမှာ ပါသလားဆိုတာ မေးစရာ ဖြစ်လာပါတယ်။

Xiaomi sale a competir con Tesla - TyN Magazine

ဒါပေမယ့် တရားရုံးက မစစ်ဆေးသေးတဲ့အတွက် Xiaomi ဟာ အပြစ်မရှိသေးဘူးလို့ လက်ရှိမှာ ကောက်ချက်ချနိုင်ပါတယ်။ Tesla ဟာ ၂၀၁၉ ခုနှစ်တုန်းကလည်း ကုန်သွယ်မှု လျှို့ဝှက်ချက်တွေ ခိုးယူတဲ့အတွက် တရုတ် လျှပ်စစ်ကား ကုမ္ပဏီ Xpeng Motors ကို တရားစွဲခဲ့ပါသေးတယ်။

အဲဒီအမှုကို ၂၀၂၀ ခုနှစ်မှာ ဖြေရှင်းပေးခဲ့ပြီး Xpeng က Tesla ကို လျော်ကြေးပေးခဲ့ရပါတယ်။ Bingling Intelligent Technology ရဲ့ အမှုဟာလည်း ဒီလို ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref: gizmochina