[Unicode]

Cadillac Escalades တွေဟာ အရွယ်ကြီးမားတဲ့အတွက် လူသိများပါတယ်။ ၂၀၂၁ ခုနှစ်ထုတ် မော်ဒယ်တွေမှာ အဲဒီ အရွယ်ကြီး ကားနဲ့ လိုက်ဖက်တဲ့ အရွယ်ကြီး Display တွေ ပါလာတော့မှာပါ။ Cadillac က ၂၀၂၁ ခုနှစ်ထုတ် မော်ဒယ်မှာ အရွယ်ကြီး ၃၈ လက်မ Curved OLED Screen ပါမယ်လို့ ကြေညာလိုက်ပါတယ်။ Screen ကို စတီယာရင်ရဲ့ ဘယ်ဘက်ကနေ Dashboard အလယ်အထိ ဆွဲထုတ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ကုမ္ပဏီက အရွယ်ကြီး ကားရဲ့ Curved Surface နဲ့ OLED နည်းပညာ ပေါင်းစပ်မှုဟာ ကားလောကမှာ ပထမဆုံး ဖြစ်တယ်လို့ ပြောပါတယ်။ ကုမ္ပဏီက Display ဟာ 4K TV ရဲ့ Pixel Density ထက် ၂ ဆ ပိုများတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ကားလောကမှာတော့ Color Range ဟာ အကြီးမားဆုံးလို့ သိရပါတယ်။

ကုမ္ပဏီက Display မှာ ပြသမယ့် အရာတွေကို မပြောသေးပါဘူး။ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ Escalade ကို ကြေညာတဲ့အခါ သတင်းအချက်အလက်တွေကို ပိုမို သိလာရမှာပါ။ အဲဒီ ကားမော်ဒယ်မှာ Hands-free မောင်းနှင်နိုင်မယ့် Super Cruise Driver Assistance စနစ်ထည့်သွင်းထားမှာလည်း ဖြစ်ပါတယ်။ အဲဒီ နည်းပညာကို သုံးပေမယ့် ယာဉ်မောင်းဟာ လမ်းကို အာရုံစိုက်ထားဖို့ လိုအပ်ပြီး ဒီလို အာရုံစိုက်နေလားဆိုတာကို စောင့်ကြည့်ဖို့ စတီယာရင်မှာ ဆန်ဆာတွေ ထည့်သွင်းထားပါတယ်။

Tesla ရဲ့ Model S မှာလို အရွယ်ကြီး Infotainment Screen တွေကို ကားထုတ်လုပ်သူတွေက သူတို့ရဲ့ ကားတွေမှာ ထည့်သွင်းဖို့ ကြိုးစားနေကြပါတယ်။ အခုတော့ Cadillac ကလည်း Tesla ကို လိုက်ဖိုက်ဖို့ သူ့ရဲ့ ကားတွေမှာ အလန်းစား Display တွေ ထည့်သွင်းတော့မှာပါ။

Ref : theverge

[Zawgyi]

၂၀၂၁ ခုႏွစ္ထုတ္ Cadillac Escalade မွာ အရြယ္ႀကီး ၃၈ လက္မ Curved OLED Display ပါမည္

Cadillac Escalades ေတြဟာ အရြယ္ႀကီးမားတဲ့အတြက္ လူသိမ်ားပါတယ္။ ၂၀၂၁ ခုႏွစ္ထုတ္ ေမာ္ဒယ္ေတြမွာ အဲဒီ အရြယ္ႀကီး ကားနဲ႔ လိုက္ဖက္တဲ့ အရြယ္ႀကီး Display ေတြ ပါလာေတာ့မွာပါ။ Cadillac က ၂၀၂၁ ခုႏွစ္ထုတ္ ေမာ္ဒယ္မွာ အရြယ္ႀကီး ၃၈ လက္မ Curved OLED Screen ပါမယ္လို႔ ေၾကညာလိုက္ပါတယ္။ Screen ကို စတီယာရင္ရဲ႕ ဘယ္ဘက္ကေန Dashboard အလယ္အထိ ဆြဲထုတ္ အသံုးျပဳႏုိင္မွာ ျဖစ္ပါတယ္။

ကုမၸဏီက အရြယ္ႀကီး ကားရဲ႕ Curved Surface နဲ႔ OLED နည္းပညာ ေပါင္းစပ္မႈဟာ ကားေလာကမွာ ပထမဆံုး ျဖစ္တယ္လို႔ ေျပာပါတယ္။ ကုမၸဏီက Display ဟာ 4K TV ရဲ႕ Pixel Density ထက္ ၂ ဆ ပိုမ်ားတယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ ကားေလာကမွာေတာ့ Color Range ဟာ အႀကီးမားဆံုးလို႔ သိရပါတယ္။

ကုမၸဏီက Display မွာ ျပသမယ့္ အရာေတြကို မေျပာေသးပါဘူး။ ၂၀၂၀ ခုႏွစ္ ေဖေဖာ္၀ါရီလမွာ Escalade ကို ေၾကညာတဲ့အခါ သတင္းအခ်က္အလက္ေတြကို ပိုမို သိလာရမွာပါ။ အဲဒီ ကားေမာ္ဒယ္မွာ Hands-free ေမာင္းႏွင္ႏုိင္မယ့္ Super Cruise Driver Assistance စနစ္ထည့္သြင္းထားမွာလည္း ျဖစ္ပါတယ္။ အဲဒီ နည္းပညာကို သံုးေပမယ့္ ယာဥ္ေမာင္းဟာ လမ္းကို အာရံုစိုက္ထားဖို႔ လိုအပ္ၿပီး ဒီလို အာရံုစိုက္ေနလားဆိုတာကို ေစာင့္ၾကည့္ဖို႔ စတီယာရင္မွာ ဆန္ဆာေတြ ထည့္သြင္းထားပါတယ္။

Tesla ရဲ႕ Model S မွာလို အရြယ္ႀကီး Infotainment Screen ေတြကို ကားထုတ္လုပ္သူေတြက သူတို႔ရဲ႕ ကားေတြမွာ ထည့္သြင္းဖို႔ ႀကိဳးစားေနၾကပါတယ္။ အခုေတာ့ Cadillac ကလည္း Tesla ကို လိုက္ဖိုက္ဖို႔ သူ႔ရဲ႕ ကားေတြမွာ အလန္းစား Display ေတြ ထည့္သြင္းေတာ့မွာပါ။

Ref : theverge