အခုခေတ်မှာ ကိုယ်ကြိုက်နှစ်သက်တဲ့ စာအုပ်တွေကို eBooks အဖြစ် အွန်လိုင်းပေါ်မှာ အခမဲ့ ဒေါင်းလုပ်ခ်ဆွဲလို့ရတဲ့ Websites ပေါင်း သိန်းချီရှိနေပါတယ်။

ဒါပေမယ့် ကိုယ်ကြိုက်နှစ်သက်တဲ့ စာအုပ်ကို အလွယ်တကူရှာနိုင်တဲ့၊ အဆင်ပြေမယ့် Format နဲ့ တင်ထားတဲ့ eBook ရဖို့ကလည်း အချိန်ယူရပါတယ်။

ဒါကြောင့် စာဖတ်ဝါသနာရှင်တွေအတွက် အသုံးဝင်မယ့် eBooks Websites လေး တွေကို ဝေမျှချင်ပါတယ်။

Project Gutenberg

Project Gutenberg eBooks Website မှာဆိုရင် စာအုပ်ပေါင်း ၅ သောင်း ၃ ထောင် ကျော်ရှိပါတယ်။ သူ့မှာ EPUB၊ Kindle၊ Plain Text ၊ HTML အစရှိတဲ့ Format ပေါင်းမျိုးစုံရှိပါတယ်။ eBooks တွေကို တိုက်ရိုက် ဒေါင်းလုပ်ခ်ဆွဲချတာဘဲဖြစ်ဖြစ် Dropbox၊ Google Drive နဲ့ Microsoft OneDrive ထဲကို send ခိုင်းတာဘဲ ဖြစ်ဖြစ် လုပ်လို့ရပါတယ်။

အများအားဖြင့် စာအုပ်အမျိုးအစားလိုက် ခေါင်းစဉ်တွေနဲ့ ခွဲခြားထားပါတယ်။ ဒါပေမယ့် Fiction နဲ့ Non-Fiction စာအုပ်မခွဲခြားတာတို့ တခြား အသေးအမွှား အဆင်မပြေတာလေးတွေတော့ ရှိပါတယ်။

အဲ့ဒီ Website မှာ အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်၊ အီတလီ၊ ပေါ်တူဂီ နဲ့ တခြား ဘာသာစကားနဲ့ ရေးထားတဲ့ စာအုပ်ပေါင်းများစွာလည်းရှိပါတယ်။ အင်္ဂလိပ်လိုစာအုပ်တွေကတော့ အများဆုံးပါဘဲ။

Amazon Cheap Reads for Kindle

Amazon Cheap Reads for Kindle ၀က်ခ်ဆိုဒ်မှာလည်း စာအုပ်ကောင်းများစွာကို အခမဲ့ဒေါင်းလုပ်ခ်ဆွဲပြီး ဖတ်နိုင်ပါတယ်။ Project Gutenberg ၀က်ခ်ဆိုဒ်နဲ့ မတူတာကတော့ သူ့မှာ စာအုပ်တွေကို အမှတ်ပေးတဲ့ စနစ်ရှိပါတယ်။ ဒီစာအုပ်ကလည်း ကောင်းလားမကောင်းဘူးလားဆိုတာ ကြယ်လေးတွေနဲ့ပြသထားသလို Review တွေ ရေးထားတာလည်းရှိပါတယ်။ တခါတလေတော့ Review တွေကလည်း သိပ်မယုံကြည်ရပါဘူး။

ဒီဆိုဒ်မှာ ပိုက်ဆံပေးရတဲ့ တချို့ စာအုပ်တွေလည်း ရှိပါတယ်။ အဲ့ဒီအပြင် Kindle Format နဲ့ဘဲ ဖတ်လို့ရတာကြောင့် တခြား Format နဲ့ ဖတ်ချင်ရင်တော့ Format ပြောင်းပြီးမှ ဖတ်လို့ရပါတယ်။

Free-Ebooks.net

Free-Ebooks.net က လွတ်လွတ်လပ်လပ် စာပေရေးသားချင်တဲ့ စာရေးဆရာတွေ တင်လေ့ရှိတဲ့ ၀က်ခ်ဆိုဒ်တစ်ခုဖြစ်ပါတယ်။ သာမန် သမာရိုးကျ စာအုပ်ထုတ်တဲ့လမ်းကြောင်းကို မသွားချင်ဘဲ အွန်လိုင်းပေါ်မှာဘဲ ရေးသားချင်တဲ့ စာရေးဆရာတွေရဲ့ eBooks တွေ အများဆုံး ရှိပါတယ်။ Fiction၊ Non-Fiction စတဲ့ အမျိုးအစားမျိုးစုံအပြင် Audiobooks တွေလည်း ရှိပါတယ်။

စာအုပ်တစ်ခုကို မရွေးချယ်မီ စာအုပ်နဲ့ပတ်သက်တဲ့ ဇာတ်လမ်းအကျဉ်းချုပ်၊ ထုတ်ဝေတဲ့နေ့၊ လူကြိုက်များမှု ရာခိုင်နှုန်း စတဲ့အချက်အလက်တွေ ပါရှိတာကြောင့် အလွယ်တကူ ရွေးချယ်လို့ရပါတယ်။

PDF၊ EPUB၊ Kindle နဲ့ တခြား Format မျိုးစုံ နဲ့တင်ထားတာကြောင့် အလွယ်တကူ ဒေါင်းလုပ်ခ် ရယူနိုင်ပါတယ်။