Jack Sweeney ဆိုတဲ့ ကျောင်းသားလေးဟာ တွစ်တာမှာ အကောင့်တစ်ခု ဖွင့်ကာ Elon Musk ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်သွားတဲ့ လမ်းကြောင်းတွေကို ခြေရာခံကာ ‌ဖော်ပြခဲ့ပါတယ်။ Elon Musk က သူ့ရဲ့ လုံခြုံရေးကြောင့် အဲဒီလို မလုပ်ဖို့ Jack Sweeney ကို ဒေါ်လာ ၅,၀၀၀ ပေးကာ ကမ်းလှမ်းခဲ့ပေမယ့် သူက လက်မခံခဲ့ပါဘူး။ အဲဒါကြောင့် Jack Sweeney ရဲ့ အကောင့်ကို တွစ်တာက ပိတ်ပင်ခဲ့ပါတယ်။

19-year-old with an Elon Musk private jet tracking account rejects offer of a Tesla Model 3 | Daily Mail Online

အခုတော့ တွစ်တာရဲ့ ပြိုင်ဖက် Threads ကို Jack Sweeney ရောက်လာပြီဖြစ်ပြီး Elonmusksjet အမည်နဲ့ အကောင့်ဖွင့်ထားပါတယ်။ အဲဒီ အကောင့်ကနေ သူဟာ Elon Musk ရဲ့ ဂျက်လေယာဉ်လမ်းကြောင်းတွေကို ဖော်ပြပေးနေပါတယ်။

Jack Sweeney ဟာ Threads ကို ရောက်လာတာ Mark Zuckerberg အတွက်လည်း ရင်ထိတ်စရာ ဖြစ်ပါတယ်။ Jack Sweeney ဟာ အရင်တုန်းက Mark Zuckerberg ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်လမ်းကြောင်းတွေကို ဖော်ပြခဲ့ဖူးပါတယ်။

Elon Musk offers $50k to teen to remove flight tracker bot - Protocol

အခုလည်း Jack Sweeney ဟာ Threads မှာ Zuckerbergjet အမည်နဲ့ အကောင့်ဖွင့်ထားပါတယ်။ Mark Zuckerberg အတွက် ပြိုင်ဖက် Elon Musk ရဲ့ ရန်သူတော်ကြီး Threads ကို ရောက်လာတာ ဝမ်းသာစရာ ဖြစ်ပေမယ့် အဲဒီလူကလည်း သူ့ရဲ့ ရန်သူတော်ကြီး ဖြစ်နေတဲ့အတွက် စိတ်ညစ်နေမှာပါ။

Ref : theverge