Samsung ဟာ Galaxy S20 Ultra ကနေစပြီး နောက်ပိုင်း Ultra ဖုန်းတွေမှာ 108MP Camera Sensor တွေကိုပဲ အဓိကအသုံးပြုနေတာဖြစ်ပါတယ်။ အခုနောက်ဆုံးသိရတဲ့ သတင်းတွေအရတော့ Samsung ဟာ လာမယ့်နှစ်အစောပိုင်းမှာ မိတ်ဆက်သွားဖို့ရှိနေတဲ့ Galaxy S23 Ultra ဖုန်းမှာ Camera Sensor ကို အဆင့်မြှင့်တင်သွားတော့မှာပါ။

ဘာကြောင့်လဲဆိုရင် Samsung နဲ့ ပတ်သက်တဲ့သတင်းတွေကို ဖော်ပြနေကျ Leakster တစ်ဦးဖြစ်တဲ့ Ice Universe ကနေ Samsung Galaxy S23 Ultra ဖုန်းမှာ ပထမဆုံးအနေနဲ့ 200MP Camera Sensor ကို အသုံးပြုလာမယ်ဆိုပြီး ပြောကြားလိုက်တာကြောင့်ဖြစ်ပါတယ်။ အဆိုပါသတင်းအပြင် Galaxy S23 Ultra ဖုန်းမှာပါဝင်လာမယ့် တခြားသော Feature တွေကိုလည်း ပြောကြားခဲ့ပါသေးတယ်။

Samsung Galaxy S23 Series ဖုန်းတွေဟာ Samsung ရဲ့ ကိုယ်ပိုင် Exynos Chipset ကို အသုံးပြုတော့မှာမဟုတ်ဘဲ Region အကုန်လုံးအတွက် Qualcomm Snapdragon 8 Gen 2 Chipset ကိုပဲ အသုံးပြုသွားမှာဖြစ်ပါတယ်။ အဆိုပါ Chipset ဟာ လက်ရှိ Snapdragon 8 Gen 1 Chipset ထက် စွမ်းဆောင်ရည်ပိုင်းမှာ အားသာချက်အများအပြားရှိလာမယ်လို့ သိရပါတယ်။

ဒါပေမယ့် အဓိကအားသာချက်အနေနဲ့ကတော့ Samsung Galaxy S23 Ultra ဖုန်းမှာ 200MP Sensor ကို အသုံးပြုလာမှာဖြစ်ပြီး Sensor အနေနဲ့ကတော့ 0.60µm pixels Size ရှိမယ့် ISOCELL HP2 Sensor ဖြစ်လာမယ်လို့ သိရပါတယ်။ ဒါပေမယ့် တခြားသော Camera Sensor တွေနဲ့ Camera Design ပိုင်းပြောင်းလဲမှုရှိမလားဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။

နောက်ထပ် Samsung Galaxy S23 Ultra ဖုန်းဟာ Battery ပိုင်းမှာလည်း 5000mAh Battery ကို အသုံးပြုလာမယ်လို့ သိရပြီး 45W Fast Charging ကိုပဲ ဆက်လက်အသုံးပြုလာမယ်လို့ ယူဆရပါတယ်။ ဘာပဲဖြစ်ဖြစ် Galaxy S23 Series ဖုန်းတွေဟာ အဆင့်မြှင့်တင်မှုတွေအများအပြားရှိလာမှာကတော့ ကျိန်းသေသလောက်ဖြစ်နေပါပြီ။

Ref – GSM Arena