Apple ဟာ iPhone 12 mini နဲ့ Pro Max ကို Australia, China, Germany, India, Japan,  UK နဲ့ US အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်မှာ ကြိုတင်မှာယူခွင့်ပြုလိုက်ပါတယ်။ ဒီလ ၁၃ ရက်နေ့ ပို့ဆောင်ပေးမှာ ဖြစ်ပြီး အဲဒီနေ့မှာပဲ စတိုးတွေကနေ ရောင်းပေးမှာပါ။

The iPhone 12 mini and Pro Max pre-orders open tomorrow in more than 30 countries

Brazill, South Korea နဲ့ တခြား ၂၅ နိုင်ငံက Apple Fans တွေကတော့ နည်းနည်း စောင့်ရဦးမှာ ဖြစ်ပြီး ဒီလ ၂၀ ရက်နေ့ကျမှ ကြိုတင်မှာယူနိုင်မှာ ဖြစ်ကာ ဒီလ ၂၇ ရက်နေ့ကျမှ ရောင်းချပေးမှာပါ။

အွန်လိုင်းရော၊ မြေပြင်စတိုးတွေမှာပါ ကြိတ်ကြိတ်တိုး ဝယ်ယူကြမှာ သေချာပါတယ်။ အွန်လိုင်းကနေ မှာသူတွေဟာ Upgrade Program မှာ စာရင်းပေးသွင်းတာနဲ့ အရှေ့ဆုံးကနေ အထာကျကျ ဝယ်ယူနိုင်မှာပါ။

ဒါပေမယ့် UK မှာ Lockdown ချထားတဲ့အတွက် Apple စတိုး အားလုံးကို ပိတ်ထားပြီး Click-and-collect Service လို့ခေါ်တဲ့ ကြိုတင်မှာယူထားသူတွေဟာ အချိန်အပိုင်းအခြား ၁ ခုမှာ စတိုးကို လာရောက်ယူနိုင်တဲ့ ဝန်ဆောင်မှုအတွက် ဖွင့်ပေးမှာပါ။ ဒါပေမယ့် iPhone Upgrade Program မှာ ပါတဲ့ လူတွေဟာ စတိုးကို လာဖို့ လိုအပ်တဲ့အတွက် ဒီဝန်ဆောင်မှုကို ယာယီ ရပ်နားထားပါတယ်။

Image

HomePod Mini စမတ် စပီကာကိုလည်း Australia, Canada, France, Germany, Hong Kong, India, Japan, Spain နဲ့ US တို့မှာ ရောင်းပေးလိုက်ပါပြီ။ ဒါပေမယ့် ဒီလ ၁၆ ရက်နေ့ကျမှ ပို့ဆောင်ပေးမှာပါ။ China, Taiwan နဲ့ Mexico တို့မှာတော့ ဒီနှစ်ကုန်လောက်မှ ရမှာပါ။

Ref : gsmarena