Apple က iPhone 14, 14 Pro နဲ့ 14 Pro Max ကို ရောင်းချပေးပြီး ၃ ပတ်အကြာမှာ iPhone 14 Plus ကို ရောင်းချပေးလိုက်ပါတယ်။ iPhone 14 Plus ကို Apple Store ၊ မိတ်ဖက် ဆိုင်တွေနဲ့ အွန်လိုင်းကနေ ဝယ်ယူလို့ရပါပြီ။ အမေရိကန်မှာ ၉၀၀ ဒေါ်လာ သတ်မှတ်ထားပြီး အရစ်ကျဝယ်ရင် ၁ လကို ၃၇.၄၅ ဒေါ်လာ ကျသင့်မှာပါ။

Apple introduces iPhone 14 and iPhone 14 Plus - Apple (SI)

တချို့နိုင်ငံတွေမှာ iPhone 14 Plus ကို နောက် ၁ ပတ် ရောင်းချမှာ ဖြစ်ပြီး တချို့နိုင်ငံတွေမှာ ဒီထက်ပိုနောက်ကျပြီးမှ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

iPhone 14 and iPhone 14 Plus - Apple

iPhone 14 Plus မှာ ၆.၇ လက်မ မျက်နှာပြင် တပ်ဆင်ထားပြီး 14 Pro Max လောက် အရွယ်အစားကြီးမားပါတယ်။ ဒါပေမယ့် 120Hz အစား 60Hz Refresh Rate ပဲ ထည့်သွင်းထားပါတယ်။

Apple က iPhone 14 Plus ကို ဘက်ထရီ သက်တမ်း အကောင်းဆုံး စမတ်ဖုန်းလို့ ကြော်ငြာထားပြီး အတွင်းပိုင်းကို အပူစုပ်ယူမှုအားကောင်းအောင် တည်ဆောက်ထားတယ်လို့ ပြောပါတယ်။

လေ့လာဆန်းစစ်သူတွေက ကြိုတင်မှာယူတဲ့ဒေတာတွေကို ကြည့်တဲ့အခါမှာ iPhone 14 Plus ကို လူကြိုက်မများဘူးလို့ သိရပါတယ်။

iPhone 14 Plus ကို Australia, Canada, China, France, Germany, India, Italy, Japan, Singapore, Spain, Thailand,  UAE, UK, US နဲ့ နိုင်ငံပေါင်း ၃၀ ကျော်မှာ ဝယ်ယူနိုင်ပါပြီ။

အောက်တိုဘာလ ၁၄ ရက်နေ့မှာ Malaysia, Saudi Arabia, Turkey နဲ့ နိုင်ငံ ၂၀ မှာ ရောင်းမှာပါ။

အောက်တိုဘာလ ၂၈ ရက်နေ့မှာ Brazil, Colombia နဲ့ Mexico မှာ ဝယ်ယူနိုင်မှာပါ။

Ref : gsmarena