[Zawgyi]

Weibo User တစ္ေယာက္က Xiaomi TV ရဲ႕ အေထြေထြမန္ေနဂ်ာ Li Xiaoshuang နဲ႔ ေျပာထားတဲ့ Private Message ရဲ႕ Screenshot ကို မွ်ေ၀လိုက္ပါတယ္။ အဲဒီ ဘေလာ့ဂါက ေနာက္မ်ိဳးဆက္ Mi TV ကို ဘယ္ေတာ့ေလာက္ ေၾကညာမလဲလို႔ ေမးတဲ့အခါမွာ Xiaomi ရဲ႕ အရာရွိက Mi TV 5 ကို တစ္လအတြင္း ေရာင္းမယ္လို႔ ျပန္ေျဖလိုက္ပါတယ္။

အဲဒီအတြက္ Mi TV 5 ကို ႏို၀င္ဘာလ ၁၉ ရက္ေန႔ မတိုင္ခင္ တရုတ္မွာ ေရာင္းမယ္ထင္ပါတယ္။ IT Homes ကလည္း Mi TV 5 ကို ႏို၀င္ဘာလ ၁၁ ရက္ေန႔မတိုင္ခင္ ေရာင္းမယ္လို႔ ေျပာထားပါတယ္။ လက္ရွိမွာ Mi TV 5 ရဲ႕ သတင္းအခ်က္အလက္ေတြ ေပါက္ၾကားထြက္ေပၚေနျခင္း မရွိေသးပါဘူး။ ကုမၸဏီဟာ မၾကာခင္က Mi TV Pro ကို ေၾကညာခဲ့ၿပီး 8K Support ပါတာကလြဲရင္ သိပ္ထူးျခားတာ မပါလာခဲ့ပါဘူး။

Xiaomi ဟာ တရုတ္ရဲ႕ Smart TV ေစ်းကြက္မွာ နံပါတ္ ၁ ေနရာကို သိမ္းပိုက္ထားပါတယ္။ အိႏၵိယမွာလည္း ထိပ္ဆံုးအဆင့္ေရာက္ေနပါတယ္။ Aowei.com ရဲ႕ ေဒတာေတြအရ ကုမၸဏီဟာ ၂၀၁၉ ခုႏွစ္ ပထမႏွစ္၀က္မွာ Smart TV အလံုးေရ ၅.၄ သန္းေရာင္းခ်ႏုိင္ခဲ့ၿပီး အရင္ႏွစ္ကထက္ ၆၄.၉ ရာခုိင္ႏႈန္း ပိုတိုးတက္လာပါတယ္။

၂၀၁၈ ခုႏွစ္တစ္ႏွစ္လံုးမွာ အလံုးေရ ၈.၄ သန္း ေရာင္းခ်ႏုိင္ခဲ့ပါတယ္။ ဒီႏွစ္မွာေတာ့ အရင္ႏွစ္ အေရအတြက္ထက္ ပိုမ်ားလာႏုိင္ပါတယ္။ Mi TV 5 ေၾကာင့္ ေရာင္းအား အရမ္းလန္းလာႏုိင္ပါတယ္။ Xiaomi TV ရဲ႕ အေထြေထြမန္ေနဂ်ာ Li Xiaoshuang က OnePlus TV လို စြမ္းရည္ျမင့္ ေမာ္ဒယ္ကို ေရာင္းခ်ရမလားလို႔ ၀ီဘိုမွာ စစ္တမ္းေကာက္ယူခဲ့ဖူးပါတယ္။ အဲဒီအတြက္ ဒီႏွစ္မွာ QLED TV ထြက္လာႏုိင္ပါတယ္။

Ref : gizmochina

[Unicode]

Xiaomi Mi TV 5 ကို တစ်လအတွင်း ရောင်းချနိုင်

Weibo User တစ်ယောက်က Xiaomi TV ရဲ့ အထွေထွေမန်နေဂျာ Li Xiaoshuang နဲ့ ပြောထားတဲ့ Private Message ရဲ့ Screenshot ကို မျှဝေလိုက်ပါတယ်။ အဲဒီ ဘလော့ဂါက နောက်မျိုးဆက် Mi TV ကို ဘယ်တော့လောက် ကြေညာမလဲလို့ မေးတဲ့အခါမှာ Xiaomi ရဲ့ အရာရှိက Mi TV 5 ကို တစ်လအတွင်း ရောင်းမယ်လို့ ပြန်ဖြေလိုက်ပါတယ်။

အဲဒီအတွက် Mi TV 5 ကို နိုဝင်ဘာလ ၁၉ ရက်နေ့ မတိုင်ခင် တရုတ်မှာ ရောင်းမယ်ထင်ပါတယ်။ IT Homes ကလည်း Mi TV 5 ကို နိုဝင်ဘာလ ၁၁ ရက်နေ့မတိုင်ခင် ရောင်းမယ်လို့ ပြောထားပါတယ်။ လက်ရှိမှာ Mi TV 5 ရဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားထွက်ပေါ်နေခြင်း မရှိသေးပါဘူး။ ကုမ္ပဏီဟာ မကြာခင်က Mi TV Pro ကို ကြေညာခဲ့ပြီး 8K Support ပါတာကလွဲရင် သိပ်ထူးခြားတာ မပါလာခဲ့ပါဘူး။

Xiaomi ဟာ တရုတ်ရဲ့ Smart TV ဈေးကွက်မှာ နံပါတ် ၁ နေရာကို သိမ်းပိုက်ထားပါတယ်။ အိန္ဒိယမှာလည်း ထိပ်ဆုံးအဆင့်ရောက်နေပါတယ်။ Aowei.com ရဲ့ ဒေတာတွေအရ ကုမ္ပဏီဟာ ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်မှာ Smart TV အလုံးရေ ၅.၄ သန်းရောင်းချနိုင်ခဲ့ပြီး အရင်နှစ်ကထက် ၆၄.၉ ရာခိုင်နှုန်း ပိုတိုးတက်လာပါတယ်။

၂၀၁၈ ခုနှစ်တစ်နှစ်လုံးမှာ အလုံးရေ ၈.၄ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ အရင်နှစ် အရေအတွက်ထက် ပိုများလာနိုင်ပါတယ်။ Mi TV 5 ကြောင့် ရောင်းအား အရမ်းလန်းလာနိုင်ပါတယ်။ Xiaomi TV ရဲ့ အထွေထွေမန်နေဂျာ Li Xiaoshuang က OnePlus TV လို စွမ်းရည်မြင့် မော်ဒယ်ကို ရောင်းချရမလားလို့ ဝီဘိုမှာ စစ်တမ်းကောက်ယူခဲ့ဖူးပါတယ်။ အဲဒီအတွက် ဒီနှစ်မှာ QLED TV ထွက်လာနိုင်ပါတယ်။

Ref : gizmochina