ဈေးကြီးတဲ့ Motorola Razr 40 Ultra ကို ရောင်းချပြီးနောက် ရက်သတ္တပတ် အနည်းငယ်အကြာမှာ ဈေးနှုန်းချိုသာတဲ့ Motorola Razr 40 ကို ရောင်းချပေးလိုက်ပါတယ်။ Motorola Razr 40 ကို လက်ရှိ တရုတ်မှာပဲ ရောင်းချပေးထားပြီး Lenovo ရဲ့ အွန်လိုင်းစတိုးမှာ 8/128GB မော်ဒယ်ကို ယွမ် ၄,၀၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၁၁ သိန်းကျော် ကျသင့်မှာ ဖြစ်ပါတယ်။

The Motorola Razr 40 goes on sale in China, is coming to Europe next month

တခြား နိုင်ငံတွေရဲ့ Motorola ဝက်ဘ်ဆိုက်တွေကို ကြည့်တဲ့အခါ မကြာခင် ရောင်းချပေးမယ်လို့ ကြေညာထားပါတယ်။ ချက် စတိုးမှာ ဇူလိုင်လ ၂၁ ရက်နေ့ ရောင်းချမယ်လို့ ဖော်ပြထားပါတယ်။ ၂၁,၆၀၀ CZK နဲ့ ကြိုတင်မှာယူထားနိုင်ပြီး ၉၁၀ ယူရိုလောက်ကျသင့်ပါတယ်။ ခန့်မှန်းထားတဲ့ ၈၀၀ ယူရိုထက်တောင်များနေပါတယ်။

The Motorola Razr 40 goes on sale in China, is coming to Europe next month

ဒီလ အစပိုင်းမှာ Motorola India က Razr 40 Series ကို မကြာခင် ရောင်းချမယ်လို့ တွစ်တာမှာ ရေးသားထားပါတယ်။ ဒါပေမယ့် အခုထက်ထိ ရောင်းချခြင်း မရှိသေးပါဘူး။ အမေရိကန်မှာ Razr 40 Ultra ကို Razr+ အမည်နဲ့ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၂၉ ရက်နေ့ စတင် ပို့ဆောင်မှာ ဖြစ်ပါတယ်။ Razr+ ကို ကနေဒါမှာလည်း ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး မက္ကဆီကိုနဲ့ဘရာဇီးမှာ ဝယ်ယူနိုင်ပါပြီ။

ရိုးရိုး Razr 40 ကို ဘရာဇီးမှာ စာရင်းတင်ထားပေမယ့် ဈေးနှုန်းနဲ့ ရောင်းချမယ့် နေ့ကို မပြောထားသေးပါဘူး။

Ref : gsmarena