Xiaomi ကနေ လာမယ့်မေလ ၂၆ ရက်နေ့မှာ Redmi 10X စမတ်ဖုန်းအပြင် Redmi Smart TV X နဲ့ RedmiBook Laptop အသစ်တွေကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဲ့ဒီထဲကမှ RedmiBook အသစ်တွေဟာ လက်ရှိအချိန်မှာ ရေပန်းစားနေတဲ့ AMD ရဲ့ 7nm Ryzen 4000 Series Processor တွေကို အသုံးပြုလာမှာလည်းဖြစ်ပါတယ်။

အခုလည်း Xiaomi ကနေ Weibo စာမျက်နှာမှာ အဆိုပါ RedmiBook အသစ်တွေနဲ့ ပတ်သက်တဲ့ Feature တစ်ခုကိုကြိုတင်ပြီးတော့ ကြော်ငြာခဲ့ပါတယ်။ ဒါကတော့ ဒီ RedmiBook Laptop တွေမှာ အသုံးပြုတဲ့အပေါ်မှုတည်ပြီး Performance Mode ၃ မျိုးကို အလွယ်တကူပြောင်းလဲနိုင်မှာပဲဖြစ်ပါတယ်။

ဒီလိုမျိုး Performance Mode ၃ မျိုးကို Fn + K Key Combination နဲ့ ပြောင်းလဲနိုင်မှာဖြစ်ပြီး “Full Speed” ၊ “Balanced” နဲ့ “Quiet” ဆိုပြီး သတ်မှတ်ထားမှာဖြစ်ပါတယ်။ Xiaomi ကတော့ အဆိုပါ Mode ၃ မျိုးဟာ Gaming ၊ Office Work နဲ့ Normal Task တွေအတွက် သတ်မှတ်ပေးထားတာဖြစ်ပြီး “Full Speed” Mode နဲ့ အသုံးပြုမယ်ဆိုရင် ပုံမှန်ထက် စွမ်းဆောင်ရည် ၃၄.၅ ရာခိုင်နှုန်းအထိ ပိုကောင်းလာမှာဖြစ်တယ်လို့ သိရပါတယ်။

Xiaomi ရဲ့ Teaser ဓါတ်ပုံတွေအရတော့ RedmiBook အသစ်တွေဟာ Fan Size ပိုကြီးတဲ့ Cooling System အသစ်ကိုအသုံးပြုထားမှာဖြစ်ပြီး Mi Band တွေကနေတစ်ဆင့် Unlock ပြုလုပ်နိုင်တဲ့ Feature တွေလည်းပါဝင်မှာပါ။ Laptop အမျိုးအစားအနေနဲ့ကတော့ RedmiBook 13 ၊ 14s နဲ့ 16 ဆိုပြီး ၃ မျိုးထွက်ရှိလာမှာဖြစ်ပါတယ်။

Ref – Gizmo China