Apple ရိုးရိုးရှင်းရှင်းနဲ့ iPad လို့ နာမည်ပေးထားတဲ့ တက်ဘလက်ဟာ ဈေးအချိုဆုံး ဖြစ်ပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၃၂၉ ဒေါ်လာပဲ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကပဲ iPad မော်ဒယ်အသစ်ကို ကြေညာထားတာပါ။ ဒီနှစ်မှာလည်း ဈေးချိုတဲ့ iPad အသစ်ကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။

The New Cheap iPad of Apple might hit the Market Soon | WeeTech Solution Pvt Ltd

နောက်ထုတ်မယ့် ဈေးချိုတဲ့ iPad မှာ iPad Air မှာလို တူညီတဲ့ Retina မျက်နှာပြင်နဲ့ 1640×2360 Resolution ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီအတွက် မျက်နှာပြင် ထောင့်ဖြတ် အတိုင်းအတာဟာလည်း ပြောင်းလဲသွားပြီး ၁၀.၂ လက်မ ကနေ နောက်ဆုံးထုတ် iPad Air မှာလို ၁၀.၉ လက်မ ဖြစ်သွားမှာပါ။ ဒါပေမယ့် Wide Color Gamut နဲ့ High Brightness တို့ကတော့ Apple ရဲ့ တန်ဖိုးကြီး တက်ဘလက်တွေမှာပဲ ပါလာမှာပါ။

5 Cheap iPads You Shouldn't Buy in 2020

နောက်ထုတ်မယ့် ဈေးချိုတဲ့ iPad မှာ A14 Bionic Chipset ပါလာမှာ ဖြစ်ပြီး 5G ထောက်ပံ့ထားမယ်လို့ သတင်းထွက်လာပါတယ်။ USB-C Port တပ်ဆင်ထားမှာ ဖြစ်ပြီး Lightning ကို ဖယ်ရှားထားမှာပါ။ Apple ရဲ့ နောက်ထုတ်မယ့် တက်ဘလက်တွေမှာ USB-C ကိုပဲ အသုံးပြုတော့မယ်လို့ ထင်ရပါတယ်။ iPhone တွေမှာတော့ USB-C ကို မသုံးသေးပေမယ့် အနာဂတ်မှာ မဖြစ်မနေ သုံးရမယ့် ဥပဒေတွေ ထွက်လာတော့မှာပါ။

ဈေးချိုတဲ့ iPad အသစ်ကို မိတ်ဆက်မယ့် အချိန်ကို မသိရသေးပေမယ့် Apple ရဲ့ ထုံးစံအတိုင်းဆိုရင် စက်တင်ဘာလမှာ ကျင်းပမယ့် iPhone မိတ်ဆက်ပွဲမှာ အဲဒီ တက်ဘလက်ကိုပါ ချပြနိုင်ပါတယ်။

Ref : gsmarena