Nokia က တန်ဖိုးနည်း C Series တွေ ဖြစ်တဲ့ Nokia C32 နဲ့ C22 ကို ကြေညာလိုက်ပါတယ်။

Nokia C32 ဟာ 50MP ကင်မရာ ပါတဲ့ ပထမဆုံး C Series ဖြစ်ပြီး အရှေ့နဲ့ အနောက်ကို ဖန်နဲ့ ဖုံးအုပ်ထားပါတယ်။ C32 နဲ့ C22 မှာ IP52 ရေစိုခံစံနှုန်း ပါပါတယ်။

The Nokia C22 and C32 announced with three-day battery life - GSMArena.com news

Nokia C32 နဲ့ C22 မှာ ၆.၅ လက်မ HD+ LCD မျက်နှာပြင် တပ်ဆင်ထားပြီး 5,000mAh ဘက်ထရီနဲ့ 10W Charging ပါလာကာ ကုမ္ပဏီက ဘက်ထရီ သက်တမ်း ၃ ရက်ခံတယ်လို့ ပြောပါတယ်။ AI အခြေပြု ဘက်ထရီ သက်သာစေတဲ့ နည်းပညာက ဘက်ထရီ သက်တမ်း ပိုကြာစေတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

The Nokia C22 and C32 announced with three-day battery life - GSMArena.com news

Nokia C32 ရဲ့ ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး Night Mode , Portrait Mode နဲ့ Auto HDR  ပါတဲ့ 50MP Main ကင်မရာနဲ့ 2MP Macro ကင်မရာ ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ ပါလာပြီး Mask တပ်ထားကာ Face Unlock လုပ်နိုင်ပါတယ်။

Nokia C32 မှာ Unisoc SC9863A SoC မောင်းနှင်ထားပြီး 3GB or 4GB RAM နဲ့ 64GB or 128GB Storage ပါလာကာ microSD Card စိုက်နိုင်ပါတယ်။ Android 13 မောင်းနှင်ထားပြီး Nokia က Security Update ကို ၂ နှစ်ကြာပေးမယ်လို့ ပြောပါတယ်။ Charcoal, Autumn Green နဲ့ Beach Pink အရောင်တွေ ထုတ်လုပ်ထားပြီး ၁၂၉ ယူရိုနဲ့ ရောင်းပေးလိုက်ပါပြီ။

Nokia C22 အကြောင်းပြောရရင် အနောက်ဘက်ကို ပလတ်စတစ်နဲ့ ဖုံးအုပ်ထားပြီး လက်ဗွေရာ ကိရိယာ ပါပါတယ်။ အနောက်ဘက်မှာ 13MP Main , 2MP Macro နဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ တပ်ဆင်ထားပြီး Mask တပ်ထားရင်တောင် Face Unlock လုပ်နိုင်ပါတယ်။

2GB or  3GB RAM နဲ့ 64GB Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။ Midnight Black နဲ့ Sand အရောင်တွေ ထုတ်လုပ်ထားပြီး ၁၀၉ ယူရိုနဲ့ ရောင်းပေးလိုက်ပါပြီ။

Ref : gsmarena