နယူးယောက် ရဲဌာနက အန္တရာယ်ရှိတဲ့ ရာသီဥတုနဲ့ အနီးအနားက အရေးပေါ် အခြေအနေတွေမှာ အများပြည်သူကို အသံနဲ့ သတိပေးနိုင်တဲ့ ဒရုန်း အသစ်တွေကို စမ်းသပ်နေပါတယ်။ နယူးယောက်မှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက မိုးကြီး ရေလွှမ်းမိုးမှုတွေ ဖြစ်ခဲ့ပြီးနောက် နယူးယောက် ရဲဌာနက တွစ်တာမှာ အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဒီတစ်ပတ်ထဲ နယူးယောက်မှာ မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပြီး အဲဒီအချိန် မတိုင်ခင် Queens မှ Hook Creek Park မှာ ဒရုန်းတွေကို စမ်းသပ်မယ်လို့ နယူးယောက်ရဲဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က AM New York ကို အတည်ပြုထားပါတယ်။ ဒါပေမယ့် ရဲဌာနဟာ စမ်းသပ်တဲ့ ရလဒ်တွေကို ပြည်သူတွေအား အသိပေးမှာ မဟုတ်ပါဘူး။ အဲဒီ ဒရုန်းတွေဟာ အနီးအနားက ပြည်သူတွေကို ရေကြီးတာနဲ့ ဆိုးရွားတဲ့ ရာသီဥတု အခြေအနေတွေမှာ နေအိမ် အပြင်မထွက်ဖို့ သတိပေးမှာ ဖြစ်ပါတယ်။

Cars are stranded in a flood on Sunrise Highway at the Heckscher State Parkway interchange in Islip Terrace, New York on July 16, 2023

နယူးယောက် ရဲဌာနက မီးပျက်တာ၊ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်တာ စတဲ့ အခြေအနေတွေမှာ အဲဒီ ဒရုန်းတွေကို အသုံးပြုဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်လို့ @NYPDnews အကောင့်က တွစ်တာမှာ အသိပေးထားပါတယ်။

အမေရိကန်ရဲ့ တခြား ပြည်နယ်တွေမှာလည်း အရေးပေါ် အခြေအနေတွေမှာ အများပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့ အသုံးပြုနေကြပါတယ်။ စပီကာပါတဲ့ ဒရုန်းတွေကို တရုတ်က ရှန်ဟိုင်းနဲ့ စပိန်က မက်ဒရစ်တို့မှာ ကိုဗစ် ၁၉ ကပ်ရောဂါကာလက အသုံးပြုခဲ့ပြီး Lockdown ကာလမှာ ပြည်သူတွေ အိမ်ထဲမှာပဲနေဖို့ ဒရုန်းတွေနဲ့ ညွှန်ကြားခဲ့ပါတယ်။

Ref : theverge