OnePlus နောက်ထုတ်မယ့် Foldable ဖုန်းကို OnePlus Open လို့ အမည်ပေးထားမှာ ဖြစ်ပြီး အဲဒီဖုန်းရဲ့ သတင်းတွေ ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက ထွက်ပေါ်နေပါတယ်။

The OnePlus Open foldable is probably based on the Oppo Find N2

အခုတော့ နာမည်ကြီး Tipster Max Jambor က OnePlus Open ရဲ့ Specs တွေကို တွစ်တာမှာ ဖော်ပြလိုက်ပြီး သတင်းအချက်အလက်အသစ်ကိုလည်း မျှဝေလိုက်ပါတယ်။ အဲဒါကတော့ OnePlus Open ကို OPPO Find N2 ကို အခြေခံကာ တည်ဆောက်ထားမယ်ဆိုတာပါပဲ။ သူဟာ ပြီးခဲ့တဲ့ လတွေအတွင်း OnePlus Open  ရဲ့ သတင်းတွေကို ပြောကြားနေခဲ့တာ ဖြစ်တဲ့အတွက် သူ့ရဲ့ သတင်းဟာ မှန်ကန်နိုင်ပါတယ်။

OnePlus Open foldable phone will be based on Oppo Find N2

OnePlus Open ဟာ ကိုယ်ပိုင် ဒီဇိုင်းနဲ့ ထွက်လာမှာ သေချာပေမယ့် OPPO Find N2 ရဲ့ ဒီဇိုင်းတချို့ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ဖုန်း အရွယ်အစားဟာ တူညီနိုင်ပါတယ်။ Find N2 ကို တရုတ်မှာပဲ ရောင်းချပေးထားပြီး OnePlus Open ကိုတော့ အနောက်နိုင်ငံတွေမှာ ရောင်းချနိုင်ပါတယ်။

မကြာခင်က သတင်းအရ OnePlus Open ကို မျက်ဝါးထင်ထင် မြင်ရဖို့ သိပ်မလိုတော့ဘဲ ဩဂုတ်လ ၂၉ ရက်နေ့မှာ ကြေညာမယ်လို့ သိရပါတယ်။ အဲဒီ ဖုန်းကို အမေရိကန်မှာလည်း ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena