[Zawgyi]

Samsung Galaxy S11 ဟာ ေက်ာဘက္ကင္မရာ ငါးလုံးတပ္ဆင္ထားမယ္လို႔ သတင္းေတြထြက္ခဲ့သလို Render ေတြလည္း ထြက္ေပၚထားၿပီး ျဖစ္ပါတယ္။ ၂၀၂၀ ျပည့္ႏွစ္အေစာပိုင္းမွာ မိတ္ဆက္လာဖြယ္ရွိတဲ့ Galaxy S11 ရဲ႕ ကင္မရာဖြဲ႕စည္းပုံနဲ႔ပတ္သက္ၿပီး စိတ္ဝင္စားေနၾကတဲ့ Fan ေတြအတြက္ သတင္းတစ္ခုထြက္ေပၚလာပါတယ္။

နာမည္ေက်ာ္ Leakster Ice Universe ကေတာ့ Samsung Galaxy S11 ရဲ႕ေက်ာဘက္ကင္မရာဖြဲ႕စည္းပုံဟာ သိပ္ၿပီး ရႈပ္ရႈပ္ေထြးေထြး မရွိဘူးလို႔ အခိုင္အမာေျပာလိုက္ပါတယ္။ လက္ရွိျမင္ေတြ႕ေနရတဲ့ ေက်ာဘက္ကင္မရာဖြဲ႕စည္းပုံက စတုဂံပုံစံေဘာင္ထဲမွာထည့္သြင္းထားတဲ့ ပုံစံျဖစ္ပါတယ္။

5x periscope zoom ကင္မရာ ပါဝင္လာဖြယ္ရွိတဲ့ Galaxy S11 ရဲ႕ ကင္မရာဒီဇိုင္းဟာ Render ထဲမွာေတာ့ အနည္းငယ္ ရႈပ္ေထြးတဲ့တပ္ဆင္ပုံလို႔ ထင္ျမင္ရပါတယ္။ ဒီလိုတပ္ဆင္ထားပုံကလည္း Sensor ဆီ အလင္းပိုၿပီးေရာက္ႏိုင္တဲ့အတြက္ စက္ဝိုင္းပုံစံမွန္ဘီလူးကို ေျပာင္းလဲတပ္ဆင္ဖို႔ဆိုတာလည္း မျဖစ္ႏိုင္ဘူးလို႔ ဆိုရပါမယ္။

Ice Universe ရဲ႕ တြစ္တာအေကာင့္မွာေတာ့ 5x periscope ကင္မရာတပ္ဆင္ပုံနဲ႔ပတ္သက္ၿပီး OPPO, Vivo တို႔ကို ဥပမာအေနနဲ႔ ျပသထားတာကိုေတြ႕ျမင္ရပါတယ္။ ဒီေတာ့ Galaxy S11 ရဲ႕ ပုံစံအစစ္အမွန္ဟာ မူလထြက္ထားတဲ့ Render ပုံေတြနဲ႔ ဘယ္ေလာက္ထိ ကြဲလြဲလာမလဲဆိုတာက စိတ္ဝင္စားစရာေကာင္းေနၿပီျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Samsung Galaxy S11 ရဲ့ ကင်မရာတပ်ဆင်ပုံဟာ သိပ်ပြီးရှုပ်ထွေးမနေဘူးလို့ သတင်းထွက်ပေါ်လာ

Samsung Galaxy S11 ဟာ ကျောဘက်ကင်မရာ ငါးလုံးတပ်ဆင်ထားမယ်လို့ သတင်းတွေထွက်ခဲ့သလို Render တွေလည်း ထွက်ပေါ်ထားပြီး ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်အစောပိုင်းမှာ မိတ်ဆက်လာဖွယ်ရှိတဲ့ Galaxy S11 ရဲ့ ကင်မရာဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး စိတ်ဝင်စားနေကြတဲ့ Fan တွေအတွက် သတင်းတစ်ခုထွက်ပေါ်လာပါတယ်။

နာမည်ကျော် Leakster Ice Universe ကတော့ Samsung Galaxy S11 ရဲ့ကျောဘက်ကင်မရာဖွဲ့စည်းပုံဟာ သိပ်ပြီး ရှုပ်ရှုပ်ထွေးထွေး မရှိဘူးလို့ အခိုင်အမာပြောလိုက်ပါတယ်။ လက်ရှိမြင်တွေ့နေရတဲ့ ကျောဘက်ကင်မရာဖွဲ့စည်းပုံက စတုဂံပုံစံဘောင်ထဲမှာထည့်သွင်းထားတဲ့ ပုံစံဖြစ်ပါတယ်။

5x periscope zoom ကင်မရာ ပါဝင်လာဖွယ်ရှိတဲ့ Galaxy S11 ရဲ့ ကင်မရာဒီဇိုင်းဟာ Render ထဲမှာတော့ အနည်းငယ် ရှုပ်ထွေးတဲ့တပ်ဆင်ပုံလို့ ထင်မြင်ရပါတယ်။ ဒီလိုတပ်ဆင်ထားပုံကလည်း Sensor ဆီ အလင်းပိုပြီးရောက်နိုင်တဲ့အတွက် စက်ဝိုင်းပုံစံမှန်ဘီလူးကို ပြောင်းလဲတပ်ဆင်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလို့ ဆိုရပါမယ်။

Ice Universe ရဲ့ တွစ်တာအကောင့်မှာတော့ 5x periscope ကင်မရာတပ်ဆင်ပုံနဲ့ပတ်သက်ပြီး OPPO, Vivo တို့ကို ဥပမာအနေနဲ့ ပြသထားတာကိုတွေ့မြင်ရပါတယ်။ ဒီတော့ Galaxy S11 ရဲ့ ပုံစံအစစ်အမှန်ဟာ မူလထွက်ထားတဲ့ Render ပုံတွေနဲ့ ဘယ်လောက်ထိ ကွဲလွဲလာမလဲဆိုတာက စိတ်ဝင်စားစရာကောင်းနေပြီဖြစ်ပါတယ်။

Ref: GSM Arena