[Unicode]

ဒီနေ့ခေတ် လူငယ်တွေဟာ စမတ်ကျကျရှင်သန်နေထိုင်ကြတာပါ။ စမတ်ကျတဲ့ နေထိုင်မှုပုံစံမှာ စမတ်ဖုန်းတွေရဲ့ ပံ့ပိုးမှုကလည်း အရေးပါသလို စမတ်ဖုန်းတွေနဲ့ တွဲဖက်အသုံးပြုရတဲ့ Gadget တွေကလည်း စမတ်ကျနေဖို့ အရေးပါလာပါတယ်။ ကြိုးတန်းလန်းနဲ့ နားကြပ်ဆိုရင် ဒီနေ့ခေတ်အနေအထားအရ ကျန်ခဲ့ပြီလို့ ဆိုရတော့မှာပါ။

နည်းပညာဈေးကွက်ထဲကိုကြည့်လိုက်ရင် နောက်ဆုံးပေါ် True Wireless Earphone သစ်တစ်ခု ရောက်ရှိနေတာကို တွေ့မြင်ရပါတယ်။ ဟုတ်ပါတယ်၊ ကြိုးမဲ့နားကြပ်စစ်စစ်ပါ။ ရှည်လျားရှုပ်ထွေးတဲ့ ကြိုးတွေကြောင့် ငြီးငွေ့စရာမလိုတော့သလို၊ ပိုပြီးကောင်းမွန်တဲ့ နည်းပညာ၊ အံ့မခန်း အသံထွက်ကိုလည်း အကြားအာရုံကိုထိခိုက်မှာ မစိုးရိမ်ရဘဲ နားထောင်နိုင်တဲ့ Huawei ရဲ့ FreeBuds3 လေးပါ။

Huawei ရဲ့ FreeBuds3 ကို စမ်းသပ်သုံးစွဲကြည့်တော့ ဈေးကွက်တွင်းရှိနှင့်ပြီးသား အခြားရွေးချယ်စရာတွေကို ငြင်းပယ်နိုင်လောက်တဲ့ အကြောင်းပြချက်တွေ ရှိနေတာကိုတွေ့လိုက်ရပါတယ်။ စာရေ:သူတွေ့ခဲ့ရတဲ့ ဒီအချက်အလက်တွေက စာဖတ်သူရဲ့ ရွေးချယ်မှုအတွက် အထောက်အကူပြုလိမ့်မယ်လို့မျှော်လင့်တာကြောင့် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

၁။ စွမ်းဆောင်ရည်မြင့် Kirin A1 Chip
Huawei ဟာ FreeBuds3 မှာ စွမ်းအင်သုံးစွဲမှု နည်းပါးပြီး စွမ်းဆောင်ရည်မြင့်တဲ့ Kirin A1 chip ကို အသုံးပြုထားတာတွေ့ရပါတယ်။ ဒီအတွက် စွမ်းဆောင်ရည်က ၃၀ ရာခိုင်နှုန်းပိုပြီးမြင့်မားသလို အချက်အလက်အရ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် AirPods Pro ထက် စွမ်းအင်သံးစွဲမှု ၅၀ ရာခိုင်နှုန်းလျော့နည်းနေပါတယ်။ ဒါပေမယ့် Latency နိမ့်တဲ့အတွက် FreeBuds3 သုံးပြီး ဂိမ်းကစားတဲ့အခါ အသံတွေနောက်ကျနေတာမျိုး မကြုံရတာက ကျေနပ်စရာပါ။

၂။ Dual-Channel Transmission
နည်းပညာအရ စမတ်ဖုန်းကနေ နားကြပ်ကို အသံပို့ဆောင်ရာမှာ အဓိကနားကြပ်တစ်ဘက်ကို အရင်ပို့ဆောင်ပြီးမှ ဒုတိယနားကြပ်ကို ဆက်ပြီးပို့ဆောင်တာပါ။ ဒီနည်းက အသုံးများပေမယ့် စမတ်ဖုန်းနဲ့နားကြပ်ကြား ဆက်သွယ်မှုကို နှောင့်နှေးစေပြီး အလွယ်တကူလည်း ပြတ်တောက်နိုင်ပါတယ်။ Huawei FreeBuds3 ကတော့ နားကြပ်နှစ်ခုလုံးကို တစ်ပြိုင်နက်ဆက်သွယ်နိုင်ပြီး စွမ်းအင်သုံးစွဲမှုလည်းလျော့ကျစေတဲ့ Dual-Channel Transmission နည်းပညာသစ်ကို အသုံးပြုထားတာပါ။

၃။ Noise-Cancellation နည်းပညာနဲ့ သက်သောင့်သက်သာရှိတဲ့ ပုံစံ
FreeBuds3 ရဲ့ နှစ်သက်ဖွယ်ကောင်းတဲ့ နောက်ထပ်အချက်တစ်ချက်က ပြင်ပဆူညံသံတွေကို အလိုအလျောက် ပယ်ဖျက်ပေးနိုင်တဲ့အချက်ပါ။ Huawei စမတ်ဖုန်းနဲ့တွဲသုံးတဲ့အခါ ပြင်ပဆူညံသံလျှော့ချတာကို လိုချင်တဲ့အတိုင်းအတာအထိ စိတ်ကြိုက်လည်းချိန်ညှိနိုင်ပါတယ်။ (FreeBuds3 noise cancellation function ကို Huawei App Gallery ဒါမှမဟုတ် AI Life ကတစ်ဆင့် ရယူနိုင်ပါတယ်။)

FreeBuds3 မှာသုံးထားတဲ့ Bone Sensor Technology ကလည်း အရိုးတွေရဲ့တုန်ခါမှုကိုအာရုံခံပြီး သုံးစွဲသူရဲ့ အသံကိုခွဲခြားရယူပေးပါတယ်။ Aerodynamic Mic Duct ကလည်း 20kmph အထိ လေတိုးသံတွေကို ပယ်ဖျက်ဖို့ လုပ်ဆောင်ပေးထားတာပါ။ Earbud ဒီဇိုင်းက နားထဲမှာသက်သောင့်သက်သာ ရှိနေစေတာကြောင့် အချိန်ကြာကြာတပ်ထားလည်း နာကျင်တဲ့ခံစားမှုကို မဖြစ်ပေါ်စေပါဘူး။

၄။ ချိတ်ဆက်ရမြန်ဆန်ခြင်းနဲ့ စမတ်ကျတဲ့ App တွေနဲ့ပေါင်းစည်းထားခြင်း
FreeBuds3 ကို Android စမတ်ဖုန်းတိုင်းသာမက iOS နဲ့လည်း လွယ်လွယ်ကူကူ ချိတ်ဆက်နိုင်ပါတယ်။ ပထမဆုံးအကြိမ် အောင်မြင်စွာနဲ့ချိတ်ဆက်ပြီးရင် နောက်ပိုင်းချိတ်ဆက်မှုတွေက အချိန် ၃ စက္ကန့်လောက်ပဲ ကြာပါတော့တယ်။ ဒီအတွက် ချိတ်ဆက်မယ့် ဖုန်းမှာ”Huawei AI Life” App ပဲလိုအပ်ပါတယ်။ ဒါကိုလည်း Play Store အပါအဝင် သက်ဆိုင်ရာ App Store တွေမှာ အလွယ်တကူ ရယူနိုင်ပါတယ်။ AI Life က Huawei FreeBuds3 ရဲ့ စွမ်းဆောင်ရည်နဲ့ Function တွေကို ချိန်ညှိပေးပါတယ်။ App ကနေတစ်ဆင့် အခြား Huawei စမတ် Device တွေ၊ Wearable တွေ၊ Huawei router တွေနဲ့လည်း ချိတ်ဆက်နိုင်ပါတယ်။

လုပ်ဆောင်ချက်တွေအနေနဲ့ ဘက်ထရီသက်တမ်းစောင့်ကြည့်တာ၊ ဆူညံသံတွေကို ထိန်းချုပ်တာမျိုးလုပ်နိုင်ပါတယ်။ ညာဘက်နားကြပ်ကို နှစ်ချက်ပုတ်ပြီး သီချင်းဖွင့်တာ၊ ပိတ်တာတွေလုပ်နိုင်သလို ဘယ်ဘက်နားကြပ်ကို ပုတ်ရင်လည်း ANC function တွေကို အလွယ်တကူ ဖွင့်နိုင်ပိတ်နိုင်ပါတယ်။ ဒါ့အပြင် Huawei Kirin A1 chip, Bass Tube နဲ့ 14mm Driver တွေကြောင့် Studio-Quality Audio အသံထွက်ကိုလည်း ကောင်းကောင်းကြားရမှာပါ။ ဆူညံနေတဲ့အသံထွက်မဟုတ်ဘဲ ပြည့်ဝတဲ့ Bass သံကို ခံစားရပါတယ်။

၅။ ပေါ့ပေါ့ပါးပါးသယ်ဆောင်ပြီး လွယ်လွယ်ကူကူအားသွင်းနိုင်ခြင်း
FreeBuds3 တွေကို AC Charging (USB Type-C) နဲ့ အားသွင်းနိုင်သလို Wireless Charging စနစ်နဲ့လည်း အားသွင်းနိုင်ပါတယ်။ ဒါ့အပြင် အခုနောက်ပိုင်းထွက် Flagship ဖုန်းတော်တော်များများမှာပါတဲ့ Reverse Wireless Charging နည်းပညာနဲ့လည်း FreeBuds3 တွေကို အလွယ်တကူ အားသွင်းနိုင်ဦးမှာပါ။ AC Charging (USB Type-C) 6W နဲ့ ဆိုရင်တော့ မိနစ် ၃၀ အတွင်း ၇၀ ရာခိုင်နှုန်း အားဝင်ရောက်ပါတယ်။ Wireless Charging ကတော့ မိနစ် ၃၀ မှာ ၃၀ ရာခိုင်နှုန်း အားဝင်ရောက်ပါတယ်။ တစ်ကြိမ်အားသွင်းပြီးရင် ၄ နာရီကြာမနားတမ်း သီချင်းနားထောင်နိုင်မှာပါ။

နားကြပ်တစ်ဖက်ကို 4.5 grams ပဲ အလေးချိန်ရှိတာကြောင့် အချိန်ကြာကြာတပ်ထားလည်း စိတ်အနှောင့်အယှက်ဖြစ်တဲ့ ခံစားမှုကို မခံစားရပါဘူး။ အရောင်ကတော့ ဘယ်တော့မှ မရိုးနိုင်တဲ့ အရောင်တွေဖြစ်တဲ့ အဖြူနဲ့ အနက် ဆိုပြီးနှစ်ရောင်ထုတ်လုပ်ပေးထားတာပါ။

[Zawgyi]

Huawei FreeBuds3 ကို သုံးသင့္သလားဆိုတဲ့ေမးခြန္းအတြက္ အေၾကာင္းျပခ်က္ ၅ ခ်က္

ဒီေန႔ေခတ္ လူငယ္ေတြဟာ စမတ္က်က်ရွင္သန္ေနထိုင္ၾကတာပါ။ စမတ္က်တဲ့ ေနထိုင္မႈပုံစံမွာ စမတ္ဖုန္းေတြရဲ႕ ပံ့ပိုးမႈကလည္း အေရးပါသလို စမတ္ဖုန္းေတြနဲ႔ တြဲဖက္အသုံးျပဳရတဲ့ Gadget ေတြကလည္း စမတ္က်ေနဖို႔ အေရးပါလာပါတယ္။ ႀကိဳးတန္းလန္းနဲ႔ နားၾကပ္ဆိုရင္ ဒီေန႔ေခတ္အေနအထားအရ က်န္ခဲ့ၿပီလို႔ ဆိုရေတာ့မွာပါ။

နည္းပညာေဈးကြက္ထဲကိုၾကည့္လိုက္ရင္ ေနာက္ဆုံးေပၚ True Wireless Earphone သစ္တစ္ခု ေရာက္ရွိေနတာကို ေတြ႕ျမင္ရပါတယ္။ ဟုတ္ပါတယ္၊ ႀကိဳးမဲ့နားၾကပ္စစ္စစ္ပါ။ ရွည္လ်ားရႈပ္ေထြးတဲ့ ႀကိဳးေတြေၾကာင့္ ၿငီးေငြ႕စရာမလိုေတာ့သလို၊ ပိုၿပီးေကာင္းမြန္တဲ့ နည္းပညာ၊ အံ့မခန္း အသံထြက္ကိုလည္း အၾကားအာ႐ုံကိုထိခိုက္မွာ မစိုးရိမ္ရဘဲ နားေထာင္ႏိုင္တဲ့ Huawei ရဲ႕ FreeBuds3 ေလးပါ။

Huawei ရဲ႕ FreeBuds3 ကို စမ္းသပ္သုံးစြဲၾကည့္ေတာ့ ေဈးကြက္တြင္းရွိႏွင့္ၿပီးသား အျခားေ႐ြးခ်ယ္စရာေတြကို ျငင္းပယ္ႏိုင္ေလာက္တဲ့ အေၾကာင္းျပခ်က္ေတြ ရွိေနတာကိုေတြ႕လိုက္ရပါတယ္။ စာေရ:သူေတြ႕ခဲ့ရတဲ့ ဒီအခ်က္အလက္ေတြက စာဖတ္သူရဲ႕ ေ႐ြးခ်ယ္မႈအတြက္ အေထာက္အကူျပဳလိမ့္မယ္လို႔ေမွ်ာ္လင့္တာေၾကာင့္ ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။

၁။ စြမ္းေဆာင္ရည္ျမင့္ Kirin A1 Chip
Huawei ဟာ FreeBuds3 မွာ စြမ္းအင္သုံးစြဲမႈ နည္းပါးၿပီး စြမ္းေဆာင္ရည္ျမင့္တဲ့ Kirin A1 chip ကို အသုံးျပဳထားတာေတြ႕ရပါတယ္။ ဒီအတြက္ စြမ္းေဆာင္ရည္က ၃၀ ရာခိုင္ႏႈန္းပိုၿပီးျမင့္မားသလို အခ်က္အလက္အရ ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ AirPods Pro ထက္ စြမ္းအင္သံးစြဲမႈ ၅၀ ရာခိုင္ႏႈန္းေလ်ာ့နည္းေနပါတယ္။ ဒါေပမယ့္ Latency နိမ့္တဲ့အတြက္ FreeBuds3 သုံးၿပီး ဂိမ္းကစားတဲ့အခါ အသံေတြေနာက္က်ေနတာမ်ိဳး မႀကဳံရတာက ေက်နပ္စရာပါ။

၂။ Dual-Channel Transmission
နည္းပညာအရ စမတ္ဖုန္းကေန နားၾကပ္ကို အသံပို႔ေဆာင္ရာမွာ အဓိကနားၾကပ္တစ္ဘက္ကို အရင္ပို႔ေဆာင္ၿပီးမွ ဒုတိယနားၾကပ္ကို ဆက္ၿပီးပို႔ေဆာင္တာပါ။ ဒီနည္းက အသုံးမ်ားေပမယ့္ စမတ္ဖုန္းနဲ႔နားၾကပ္ၾကား ဆက္သြယ္မႈကို ေႏွာင့္ေႏွးေစၿပီး အလြယ္တကူလည္း ျပတ္ေတာက္ႏိုင္ပါတယ္။ Huawei FreeBuds3 ကေတာ့ နားၾကပ္ႏွစ္ခုလုံးကို တစ္ၿပိဳင္နက္ဆက္သြယ္ႏိုင္ၿပီး စြမ္းအင္သုံးစြဲမႈလည္းေလ်ာ့က်ေစတဲ့ Dual-Channel Transmission နည္းပညာသစ္ကို အသုံးျပဳထားတာပါ။

၃။ Noise-Cancellation နည္းပညာနဲ႔ သက္ေသာင့္သက္သာရွိတဲ့ ပုံစံ
FreeBuds3 ရဲ႕ ႏွစ္သက္ဖြယ္ေကာင္းတဲ့ ေနာက္ထပ္အခ်က္တစ္ခ်က္က ျပင္ပဆူညံသံေတြကို အလိုအေလ်ာက္ ပယ္ဖ်က္ေပးႏိုင္တဲ့အခ်က္ပါ။ Huawei စမတ္ဖုန္းနဲ႔တြဲသုံးတဲ့အခါ ျပင္ပဆူညံသံေလွ်ာ့ခ်တာကို လိုခ်င္တဲ့အတိုင္းအတာအထိ စိတ္ႀကိဳက္လည္းခ်ိန္ညႇိႏိုင္ပါတယ္။ (FreeBuds3 noise cancellation function ကို Huawei App Gallery ဒါမွမဟုတ္ AI Life ကတစ္ဆင့္ ရယူႏိုင္ပါတယ္။)

FreeBuds3 မွာသုံးထားတဲ့ Bone Sensor Technology ကလည္း အ႐ိုးေတြရဲ႕တုန္ခါမႈကိုအာ႐ုံခံၿပီး သုံးစြဲသူရဲ႕ အသံကိုခြဲျခားရယူေပးပါတယ္။ Aerodynamic Mic Duct ကလည္း 20kmph အထိ ေလတိုးသံေတြကို ပယ္ဖ်က္ဖို႔ လုပ္ေဆာင္ေပးထားတာပါ။ Earbud ဒီဇိုင္းက နားထဲမွာသက္ေသာင့္သက္သာ ရွိေနေစတာေၾကာင့္ အခ်ိန္ၾကာၾကာတပ္ထားလည္း နာက်င္တဲ့ခံစားမႈကို မျဖစ္ေပၚေစပါဘူး။

၄။ ခ်ိတ္ဆက္ရျမန္ဆန္ျခင္းနဲ႔ စမတ္က်တဲ့ App ေတြနဲ႔ေပါင္းစည္းထားျခင္း
FreeBuds3 ကို Android စမတ္ဖုန္းတိုင္းသာမက iOS နဲ႔လည္း လြယ္လြယ္ကူကူ ခ်ိတ္ဆက္ႏိုင္ပါတယ္။ ပထမဆုံးအႀကိမ္ ေအာင္ျမင္စြာနဲ႔ခ်ိတ္ဆက္ၿပီးရင္ ေနာက္ပိုင္းခ်ိတ္ဆက္မႈေတြက အခ်ိန္ ၃ စကၠန႔္ေလာက္ပဲ ၾကာပါေတာ့တယ္။ ဒီအတြက္ ခ်ိတ္ဆက္မယ့္ ဖုန္းမွာ”Huawei AI Life” App ပဲလိုအပ္ပါတယ္။ ဒါကိုလည္း Play Store အပါအဝင္ သက္ဆိုင္ရာ App Store ေတြမွာ အလြယ္တကူ ရယူႏိုင္ပါတယ္။ AI Life က Huawei FreeBuds3 ရဲ႕ စြမ္းေဆာင္ရည္နဲ႔ Function ေတြကို ခ်ိန္ညႇိေပးပါတယ္။ App ကေနတစ္ဆင့္ အျခား Huawei စမတ္ Device ေတြ၊ Wearable ေတြ၊ Huawei router ေတြနဲ႔လည္း ခ်ိတ္ဆက္ႏိုင္ပါတယ္။

လုပ္ေဆာင္ခ်က္ေတြအေနနဲ႔ ဘက္ထရီသက္တမ္းေစာင့္ၾကည့္တာ၊ ဆူညံသံေတြကို ထိန္းခ်ဳပ္တာမ်ိဳးလုပ္ႏိုင္ပါတယ္။ ညာဘက္နားၾကပ္ကို ႏွစ္ခ်က္ပုတ္ၿပီး သီခ်င္းဖြင့္တာ၊ ပိတ္တာေတြလုပ္ႏိုင္သလို ဘယ္ဘက္နားၾကပ္ကို ပုတ္ရင္လည္း ANC function ေတြကို အလြယ္တကူ ဖြင့္ႏိုင္ပိတ္ႏိုင္ပါတယ္။ ဒါ့အျပင္ Huawei Kirin A1 chip, Bass Tube နဲ႔ 14mm Driver ေတြေၾကာင့္ Studio-Quality Audio အသံထြက္ကိုလည္း ေကာင္းေကာင္းၾကားရမွာပါ။ ဆူညံေနတဲ့အသံထြက္မဟုတ္ဘဲ ျပည့္ဝတဲ့ Bass သံကို ခံစားရပါတယ္။

၅။ ေပါ့ေပါ့ပါးပါးသယ္ေဆာင္ၿပီး လြယ္လြယ္ကူကူအားသြင္းႏိုင္ျခင္း
FreeBuds3 ေတြကို AC Charging (USB Type-C) နဲ႔ အားသြင္းႏိုင္သလို Wireless Charging စနစ္နဲ႔လည္း အားသြင္းႏိုင္ပါတယ္။ ဒါ့အျပင္ အခုေနာက္ပိုင္းထြက္ Flagship ဖုန္းေတာ္ေတာ္မ်ားမ်ားမွာပါတဲ့ Reverse Wireless Charging နည္းပညာနဲ႔လည္း FreeBuds3 ေတြကို အလြယ္တကူ အားသြင္းႏိုင္ဦးမွာပါ။ AC Charging (USB Type-C) 6W နဲ႔ ဆိုရင္ေတာ့ မိနစ္ ၃၀ အတြင္း ၇၀ ရာခိုင္ႏႈန္း အားဝင္ေရာက္ပါတယ္။ Wireless Charging ကေတာ့ မိနစ္ ၃၀ မွာ ၃၀ ရာခိုင္ႏႈန္း အားဝင္ေရာက္ပါတယ္။ တစ္ႀကိမ္အားသြင္းၿပီးရင္ ၄ နာရီၾကာမနားတမ္း သီခ်င္းနားေထာင္ႏိုင္မွာပါ။

နားၾကပ္တစ္ဖက္ကို 4.5 grams ပဲ အေလးခ်ိန္ရွိတာေၾကာင့္ အခ်ိန္ၾကာၾကာတပ္ထားလည္း စိတ္အေႏွာင့္အယွက္ျဖစ္တဲ့ ခံစားမႈကို မခံစားရပါဘူး။ အေရာင္ကေတာ့ ဘယ္ေတာ့မွ မ႐ိုးႏိုင္တဲ့ အေရာင္ေတြျဖစ္တဲ့ အျဖဴနဲ႔ အနက္ ဆိုၿပီးႏွစ္ေရာင္ထုတ္လုပ္ေပးထားတာပါ။