Samsung Galaxy S20 Ultra အတွက် အရောင်အသစ် ၁ မျိုး ထွက်လာတော့မှာ ဖြစ်ပါတယ်။ အဖြူရောင် ဖြစ်ပြီး နာမည်ကျော် Leakster ၁ ယောက်ဖြစ်တဲ့ Ice Universe က အဲဒီ အရောင် ထွက်လာမယ်လို့ ပြီးခဲ့တဲ့ ၁ ပတ်က မျှဝေခဲ့ပါတယ်။ အရင်ကတော့ အဲဒီ စမတ်ဖုန်းအတွက် အညိုနဲ့ အနက်ရောင်တွေ ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။

အဖြူရောင် မော်ဒယ် အသစ်ကို တရုတ်မှာ စတင် ရောင်းချပေးမယ်လို့ သတင်းထွက်လာပြီး တခြား နိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။ တရုတ် ၁ နိုင်ငံထဲ အတွက်ပဲ ရောင်းချပေးမလားဆိုတာ မသိရသေးပါဘူး။ မကြာခင်မှာ ဒီသတင်းအချက်အလက်တွေကို သိလာရတော့မယ်လို့ ထင်ပါတယ်။

အဖြူရောင် မော်ဒယ်ရဲ့ ဓါတ်ပုံတွေ ထွက်လာတာ မရှိသေးပါဘူး။ Ice Universe က တရုတ်မှာ Galaxy S20 Ultra ရဲ့ အဖြူရောင် မော်ဒယ်ကို ရောင်းမယ်လို့ တွစ်တာမှာ သတင်းပေးထားပြီး ဓါတ်ပုံတင်ထားတာ မရှိသေးပါဘူး။ အခု ထုတ်လုပ်ထားတဲ့ အညိုနဲ့ အနက်ရောင် မော်ဒယ်တွေဟာ အရောင်ပြောင်း ဒီဇိုင်း မဟုတ်ဘဲ Flat ဖြစ်ပါတယ်။ အဲဒီအတွက် အဖြူရောင်မော်ဒယ် အသစ်ဟာလည်း ဒီအတိုင်း ထွက်လာမယ်လို့ ထင်ပါတယ်။

Ref : gsmarena