[Zawgyi]

Qualcomm ဟာ ကုမၸဏီရဲ႕ ပထမဆုံး Gaming Chip အျဖစ္ Snapdragon 730G ကို ျပသလိုက္ၿပီ ျဖစ္ပါတယ္။ Snapdragon 730 ရဲ႕ေနာက္မွာ ပါလာတဲ့ “G” ဟာ Gaming ကို ကိုယ္စားျပဳတာေၾကာင့္ ေနာက္ထပ္ထြက္မယ့္ Gaming Chip ေတြမွာလည္း အလားတူ “G” အကၡရာ ပါဝင္လာဖြယ္ ရွိပါတယ္။

ASUS ROG, Xiaomi Black Shark အစရွိတဲ့ လက္ရွိေဈးကြက္ထဲက Gaming ဖုန္းေတြဟာ Snapdragon 845 ကို အသုံးျပဳထားေပမယ့္ ဒီ Chip က Gaming အတြက္ဆိုၿပီး သီးသန႔္ရည္႐ြယ္ ထုတ္လုပ္ထားတာ တာလို႔ မေျပာႏိုင္ပါဘူး။ Snapdragon 730G ကေတာ့ Gaming ဖုန္းေတြအတြက္ သီးသန႔္ ရည္႐ြယ္ၿပီး ထုတ္လုပ္လိုက္တာ ျဖစ္ပါတယ္။

Qualcomm ဟာ Snapdragon 655, 730, 730G ဆိုၿပီး အတူတစ္ကြ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ Snapdragon 730G ကေတာ့ 730 ထက္ ဂရပ္ဖစ္ပိုင္း ပိုၿပီးေတာ့ ေကာင္းမြန္ေအာင္ေထာက္ပံ့ေပးႏိုင္ပါတယ္။ 730G ဟာ Andreno 618 GPU ျဖစ္တဲ့အတြက္ 730 ထက္ ဂရပ္ဖစ္ပိုင္းမွာ ၁၅ရာခိုင္ႏႈန္းပိုၿပီးျမန္ဆန္ေကာင္းမြန္တယ္လို႔ သိရပါတယ္။

Snapdragon 730G ထဲမွာ ထည့္သြင္းထားတဲ့ Adreno 618 G အေၾကာင္းကို ေသခ်ာမသိရေသးပါဘူး။ ဒါေပမယ့္ Snapdragon 845 ရဲ႕ Adreno 630 ထက္ နိမ့္သလို Snpadragon 710/730 ေတြမွာ ထည့္သြင္းထားတဲ့ Adreno 616 ထက္လည္း ျမင့္မယ္လို႔ ခန႔္မွန္းရပါတယ္။ ကြၽမ္းက်င္သူေတြကေတာ့ အနည္းဆုံး Adreno 640 စြမ္းေဆာင္ရည္ရဲ႕ ၅၀ရာခိုင္ႏႈန္းေလာက္ထိေတာ့ ထုတ္ေပးႏိုင္မယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

Ref: GSMArena

[Unicode]

ပထမဆုံး Gaming Chip အဖြစ် Snapdragon 730G ကို ကြေညာလိုက်တဲ့ Qualcomm

Qualcomm ဟာ ကုမ္ပဏီရဲ့ ပထမဆုံး Gaming Chip အဖြစ် Snapdragon 730G ကို ပြသလိုက်ပြီ ဖြစ်ပါတယ်။ Snapdragon 730 ရဲ့နောက်မှာ ပါလာတဲ့ “G” ဟာ Gaming ကို ကိုယ်စားပြုတာကြောင့် နောက်ထပ်ထွက်မယ့် Gaming Chip တွေမှာလည်း အလားတူ “G” အက္ခရာ ပါဝင်လာဖွယ် ရှိပါတယ်။

ASUS ROG, Xiaomi Black Shark အစရှိတဲ့ လက်ရှိဈေးကွက်ထဲက Gaming ဖုန်းတွေဟာ Snapdragon 845 ကို အသုံးပြုထားပေမယ့် ဒီ Chip က Gaming အတွက်ဆိုပြီး သီးသန့်ရည်ရွယ် ထုတ်လုပ်ထားတာ တာလို့ မပြောနိုင်ပါဘူး။ Snapdragon 730G ကတော့ Gaming ဖုန်းတွေအတွက် သီးသန့် ရည်ရွယ်ပြီး ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။

Qualcomm ဟာ Snapdragon 655, 730, 730G ဆိုပြီး အတူတစ်ကွ ကြေညာခဲ့တာ ဖြစ်ပါတယ်။ Snapdragon 730G ကတော့ 730 ထက် ဂရပ်ဖစ်ပိုင်း ပိုပြီးတော့ ကောင်းမွန်အောင်ထောက်ပံ့ပေးနိုင်ပါတယ်။ 730G ဟာ Andreno 618 GPU ဖြစ်တဲ့အတွက် 730 ထက် ဂရပ်ဖစ်ပိုင်းမှာ ၁၅ရာခိုင်နှုန်းပိုပြီးမြန်ဆန်ကောင်းမွန်တယ်လို့ သိရပါတယ်။

Snapdragon 730G ထဲမှာ ထည့်သွင်းထားတဲ့ Adreno 618 G အကြောင်းကို သေချာမသိရသေးပါဘူး။ ဒါပေမယ့် Snapdragon 845 ရဲ့ Adreno 630 ထက် နိမ့်သလို Snpadragon 710/730 တွေမှာ ထည့်သွင်းထားတဲ့ Adreno 616 ထက်လည်း မြင့်မယ်လို့ ခန့်မှန်းရပါတယ်။ ကျွမ်းကျင်သူတွေကတော့ အနည်းဆုံး Adreno 640 စွမ်းဆောင်ရည်ရဲ့ ၅၀ရာခိုင်နှုန်းလောက်ထိတော့ ထုတ်ပေးနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref: GSMArena