Sony က တန်ဖိုးနည်း Android ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Xperia L4 လို့ နာမည်ပေးထားပြီး ၆.၂ လက်မ 720×1680 Resolution မျက်နှာပြင် ထည့်သွင်းထားပါတယ်။ 21:9 Aspect Ratio ဖြစ်တဲ့ အတွက် မျက်နှာပြင် အရမ်းရှည်တဲ့ ဒီဇိုင်းပါ။ မျက်နှာပြင်ရဲ့ အထက် အလယ်တည့်တည့်မှာ အရွယ်သေး Notch တပ်ဆင်ထားပါတယ်။

MediaTek Helio P22 Chipset မောင်းနှင်ထားပြီး 3GB RAM နဲ့ 64GB Storage ပါပါတယ်။ အဲဒီ MediaTek Chip ဟာ Qualcomm Snapdragon 625 Chip နဲ့ စွမ်းရည်တူတယ်လို့ သိရပါတယ်။ Android 9 Pie ပဲပါတာက သိပ်မမိုက်သလို Android 10 ရမလားဆိုတာလည်း မသိရသေးပါဘူး။

Xperia L4 မှာ အနောက်ကင်မရာ ၃ လုံးပါလာပြီး 13MP Main , 5MP Ultrawide နဲ့ 2MP Depth တွေ ဖြစ်ပါတယ်။ စွမ်းရည်နိမ့်ဖုန်းမှာ ဒီလို ကင်မရာတွေ ပါတာ သိပ်မဆိုးပါဘူး။ ရှုခင်းမျိုးစုံမှာ ဓါတ်ပုံကောင်းကောင်းရအောင် ဖန်တီးပေးထားပါတယ်။ အရှေ့ကင်မရာက 8MP ဖြစ်ပါတယ်။

နားကြပ်ပေါက်၊ ဘေးဘက်လက်ဗွေရာ ကိရိယာ၊ Dual-SIM Support နဲ့ 3,580mAh ဘက်ထရီတွေ ပါပေမယ့် ဘက်ထရီမှာ လျှင်မြန်တဲ့ အားသွင်းနည်းပညာ မပါပါဘူး။ Sony က L4 ရဲ့ ဈေးကို မပြောသေးပေမယ့် L3 ကို ၂၂၅ ဒေါ်လာလောက်နဲ့ရောင်းပေးထားတဲ့အတွက် L4 ရဲ့ ဈေးကလည်း ဒီလောက်ပဲရှိနိုင်ပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၃ သိန်းလောက်ပဲရှိမှာပါ။ နွေဦးမှာ ရောင်းမှာ ဖြစ်ပြီး အပြာနဲ့ အနက်ရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : 9to5google